နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြင်သစ်ထုတ် Rafale ဂျက်တိုက်လေယာဉ်အစင်း ၈၀ ယူအေအီး စံချိန်တင်ဝယ်ယူ

ဒူဘိုင်း၊ ဒီဇင်ဘာ ၄


ပြင်သစ်သမ္မတ မက်ခရွန်၏အရှေ့ အလယ်ပိုင်းခရီးစဉ်တွင် ပထမဆုံးသွား ရောက်သည့် ယူအေအီးခရီးစဉ်၌ မက်ခရွန်က ယူရို ၁၄ ဘီလီယံ တန် ကြေးရှိ  ပြင်သစ်လုပ် Rafale ဂျက် တိုက် လေယာဉ်အစင်း ၈၀ ကို စံချိန်တင်ဝယ် ယူလိုက်ကြောင်း သိရသည်။  


ကာတာနှင့် ဆော်ဒီအပါအဝင် ၂ ရက် ကြာသွားရောက်မည့် ဒီဇင်ဘာ ၃ ရက် ခရီးစဉ်အစတွင် အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိတ်မိုဟာ မက်ဘင် ဇေယက်ဒ်နှင့် မက်ခရွန်တို့၏ Rafale ဂျက်တိုက်လေယာဉ်များ ဝယ်ယူရေး အတွက် အကြီးမားဆုံး အမှာစာများ ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ 


သယံဇာတ   ပေါကြွယ်ဝသည့် ယူအေအီးသည် ပြင်သစ်ကာကွယ်ရေး စက်မှုလုပ်ငန်း၏ အကြီးမားဆုံးဖောက် သည်များထဲမှ တစ်ခုဖြစ်ပြီး စုစုပေါင်း ကုန်ကျစရိတ် ယူရို ၁၇ ဘီလီယံ ကျော်ရှိသည့်  Caracal စစ်ဘက်ဆိုင် ရာရဟတ်ယာဉ် ၁၂ စင်းကိုလည်းမှာယူ ခဲ့ဖူးကြောင်း သိရသည်။


ထို့ပြင် အဘူဒါဘီ၏ Mubadala ငွေကြေးရန်ပုံငွေမှလည်း ပြင်သစ်စီးပွား ရေးလုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံမှု ယူရိုရှစ်ဘီလီယံ ကတိပြုခဲ့ပြီး ယူအေအီး မြို့တော်ရှိ   Louvre  ပန်းချီပြခန်း၏ လိုင်စင်ကိုလည်း နောက်ထပ် ၁၀ နှစ် သက်တမ်းတိုးခဲ့ကြောင်း သိရသည်။  


လွှတ်တော်   အစီရင်ခံစာအရ Emirates လေကြောင်း လိုင်းသည်  ၂၀၁၁-၂၀၂၀ အတွင်း  ယူရို ၄ ဒသမ ၇ ဘီလီယံဖြင့် ပြင်သစ်ကာကွယ်ရေးစက်မှု လုပ်ငန်းအတွက် ပဉ္စမမြောက်အကြီး ဆုံးဖောက်သည်  ဖြစ်ခဲ့ကြောင်းသိရ သည်။                            

(Ref: BBC)






အခြားဆက်စပ်သတင်းများ