နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံပိုင် ကာကွယ်ဆေးသုတေသနကုမ္ပဏီ ထူထောင်မည်

ဟယ်လ်စင်ကီ၊  ဒီဇင်ဘာ ၄


Finnvac Oy အမည်ရှိ နိုင်ငံပိုင် ကာကွယ်ဆေး သုတေသနကုမ္ပဏီကို ထူထောင်မည်ဖြစ်ကြောင်း ဖိလစ်ပိုင် အစိုးရက ပြောကြားလိုက်သည်။  


အဆိုပါကုမ္ပဏီ ထူထောင်ပါက နိုင်ငံပိုင်ဆိုင်မှုအနေဖြင့် ၅၁ ရာခိုင်နှုန်း ရှိမည်ဖြစ်ကြောင်း၊ ကျန်ရှိသောရှယ်ယာ ပိုင်ဆိုင်သူမှာ ဖင်လန်နိုင်ငံ၌ ဒုတိယ အကြီးဆုံး     တက္ကသိုလ်ဖြစ်သော Tampere  တက္ကသိုလ် ဦးပိုင်ဖောင်ဒေးရှင်း ဖြစ်လာမည်ဖြစ်ကြောင်း ပိုင်ဆိုင်မှုဆိုင် ရာ စီမံခန့်ခွဲ မှု တာဝန်ရှိသူ ဖင်လန်နိုင်ငံ လူမှုရေးနှင့် ကျန်းမာရေးဝန်ကြီးဌာန (STM) မှ သတင်း ထုတ်ပြန်ချက်၌ ပြော ကြားထားသည်။ 


အဆိုပါ ကုမ္ပဏီသစ်သည် ဖင်လန် နိုင်ငံ ကျန်းမာရေးနှင့် လူမှုဖူလုံရေး အင်စတီကျု (THL) နှင့်  Tampere တက္ကသိုလ် ကာကွယ်ဆေးသုတေသန စင်တာ၏ ရှိနှင့်ပြီးသား ကာကွယ်ဆေး သုတေသန လုပ်ငန်းများကို စုပေါင်း သွားမည် ဖြစ်သည်။  


ဖင်လန်နိုင်ငံတွင် ကပ်ရောဂါများ ကဲ့သို့သော ကျန်းမာရေးအန္တရာယ်များ အတွက် ပြင်ဆင်ရန်နှင့် သုတေသန ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေ ရန်လည်း ရည်ရွယ်ထားကြောင်းသိရ သည်။ 

 

ကုမ္ပဏီ   ထူထောင်ခြင်းအတွက် ဘတ်ဂျက်တွင် ယူရို ၈,၀၀၀,၀၀၀ ခန့် (အမေရိကန်ဒေါ်လာ ၉,၀၀၀,၀၀၀) လက်ခံရရှိထားကြောင်း၊ ကနဦးမတည် ငွေနှင့် အကြိုဖွဲ့စည်းခြင်း ကုန်ကျစရိတ် များအား ခြုံငုံမိစေရန် ရည်ရွယ်ထား ခြင်းဖြစ်ကြောင်း STM က ပြောသည်။ 

(Ref:BBC)






အခြားဆက်စပ်သတင်းများ