နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကဒါဖီ၏သားဖြစ်သူ သမ္မတရွေးကောက်ပွဲတွင် အရွေးခံရန် တရားရုံးဆုံးဖြတ်

ထရီပိုလီ၊  ဒီဇင်ဘာ ၄


လစ်ဗျားနိုင်ငံတွင်    အာဏာရှင် ကဒါဖီ၏သား Saif al-Islam Gaddafi ကို သမ္မတရွေးကောက်ပွဲတွင် အရွေးခံ ရန် ကိုယ်စားလှယ်အဖြစ် ပါ၀င်ခွင့်ပေး ရန်  တရားရုံးကဆုံးဖြတ်ကြောင်း သိရ သည်။ 


Saif al-Islam Gaddafi အပါအ၀င် ၂၅ ဦးကို သမ္မတရွေးကောက်ပွဲ၀င်ရန် အရည်အချင်းမပြည့်မီသည့်အတွက် ပြီးခဲ့သည့်လပိုင်းတွင် ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချထားခဲ့ခြင်းဖြစ်ပြီး လာမည့် ဒီဇင်ဘာ ၂၄ ရက်တွင် ကျင်းပ မည့်   သမ္မတရွေးကောက်ပွဲအတွက် ကိုယ်စားလှယ်လောင်းတင်သူ ၉၈ ယောက်အနက်၂၅ ယောက်ကို ရွေး ကောက်ပွဲကော်မရှင်က ပယ်ချထားခြင်း ဖြစ်သည်။ 


Saif al-Islam Gaddafi ကို ၂၀၁၅ ခုနှစ်က  ထရီပိုလီတရားရုံးအနေဖြင့် စစ်ရာဇ၀တ်မှုနှင့် သေဒဏ်ချမှတ်ထား ခြင်းဖြစ်သည်။ ဖခင်ဖြစ်သူ ကဒါဖီကို ဖယ်ရှားရန် ကြိုးပမ်းသည့် အတိုက်အခံ များကို     တိုက်ခိုက်ခဲ့စဉ်က စစ်ရာဇ၀တ် မှုကျူးလွန်သည်ဆိုသည့်  စွဲချက်နှင့် ယင်းကို တရားရုံးကသေဒဏ်ချခဲ့ခြင်း လည်း ဖြစ်သည်။ 


သို့သော် Saif အနေဖြင့် တရားရုံးက ဆင့်ခေါ်ခြင်းကို လာရောက်ခဲ့ခြင်းမရှိဘဲ ရှောင်ရှားနေခဲ့ကြောင်း သိရသည်။ Saif သည် အာဏာရှင် ကဒါဖီကို ထောက်ခံ အားပေးတဲ့ လက်ကျန်အင်အားစုများ၏ ခေါင်းဆောင် ဖြစ်နေသည့်အတွက် ယခု လိုပြဿနာများအပြင်      အကြမ်းဖက် တိုက်ခိုက်မှုများလည်း    ရှိနေသည့် အတွက် ရွေးကောက်ပွဲမတည်မငြိမ်ဖြစ် မည်ကို အကဲခတ်များက စိုးရိမ်နေကြ သည်။ 


ပြိုင်ဘက် သမ္မတလောင်းများကို ထောက်ခံသူ လက်နက်ကိုင်အင်အားစု များနှင့် ဆန့်ကျင်သူ လက်နက်ကိုင် အင်အားစုများအကြား ပဋိပက္ခများဖြစ် ပြီး ရုန်းရင်းဆန်ခတ်မှုများနှင့် မတည် မငြိမ်ဖြစ်နိုင်ကြောင်း     လစ်ဗျား အမျိုးသားလွတ်လပ်ရေး  တပ်မတော် LNA အကြီးအကဲ ကလီဟတ်ဖတာ Khalifa Haftar ကပြောသည်။

(Ref:AP)






အခြားဆက်စပ်သတင်းများ