နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်ဖြစ်ပွားမှုမြင့်တက်နေသော်လည်း အိန္ဒိယစီးပွားရေး ပြန်လည်တိုးတက်လာကြောင်း အစီရင်ခံစာ ထုတ်ပြန်

နယူးဒေလီ၊  ဒီဇင်ဘာ ၄ 


အိန္ဒိယ၌ ယခုနှစ်အစောပိုင်းတွင် မျိုးရိုးကွဲဗီဇပြောင်း ဒယ်လ်တာအမျိုး အစား ကိုဗစ်ဖြစ်ပွားမှုများပြင်းထန် ခဲ့သော်လည်း စီးပွားရေးအခြေအနေ များမှာ ပြန်လည်ကောင်းမွန်လာ ကြောင်း ဒီဇင်ဘာ ၃ ရက်တွင် အစီရင်ခံ စာတစ်စောင် ထုတ်ပြန်လိုက်သည်။ 


အာရှတိုက်တွင်   တတိယမြောက် စီးပွားရေး  အကြီးဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ကိုဗစ် ဖြစ်ပွားမှုကြောင့် ဆက်တိုက်ကျဆင်း နေရာမှ ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း နှစ်စဉ်တိုးတက်မှုနှုန်း ၈ ဒသမ ၄ ရာခိုင်နှုန်း ပြန်လည်ရှိလာခဲ့ကြောင်း အစိုးရတာဝန်ရှိသူများက အစီအရင်ခံ စာတွင် ဖော်ပြထားခြင်းဖြစ်သည်။ 


အိန္ဒိယနိုင်ငံ၏ စီးပွားရေးသည် ပြီးခဲ့သည့်နှစ်တွင် အကြီးမားဆုံးဘဏ္ဍာ ရေးထိခိုက်နစ်နာမှုနှင့် ကြုံတွေ့ခဲ့ခြင်း ကြောင့် စီးပွားရေးတိုးတက်မှုမှာ ၇ ဒသမ ၄ ရာခိုင်နှုန်းသာရှိခဲ့ပြီး တစ်နိုင်ငံ လုံးကိုလည်း ကန့်သတ်မှုများချထားခဲ့ ကာလပေါင်းများစွာ ကန့်သတ်ချက်များ ချမှတ်ပြီးနောက်  စီးပွားရေးထိခိုက်မှု ကြီးမားလာခဲ့ခြင်း ဖြစ်သည်။ 


လက်ရှိတွင် ကာကွယ်ဆေးထိုးနှံမှု ကိုလည်း    အရှိန်မြှင့်ဆောင်ရွက်ခဲ့ပြီး စီးပွားရေးလုပ်ငန်းများနှင့်   စက်ရုံ အလုပ်ရုံများ ပြန်လည်ဖွင့်လှစ်နိုင်ရန်  မျှော်မှန်းထားပြီး တစ်နိုင်ငံလုံးရှိ လမ်း နှင့် စျေးများသည် သွားလာရောင်းဝယ် ဖောက်ကားသူများနှင့် ပြန်လည်စည် ကားနေပြီ ဖြစ်ကြောင်းသိရသည်။ 


ကျွမ်းကျင်သူများ၏ ပြောကြား ချက် အရ အိန္ဒိယသည် ဇူလိုင်-စက်တင်ဘာ လအတွင်း  သတ္တုတွင်းလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းများတွင် တိုးတက် မှုကောင်းမွန်ခဲ့ခြင်းကြောင့် စီးပွားရေး ပြန်လည်နလန်ထူနိုင်ခဲ့ကြောင်း သုံးသပ် ထားသည်။

(Ref:BBC)






အခြားဆက်စပ်သတင်းများ