နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံ၌ ပထမဆုံး အိုမီခရွန် ဗိုင်းရပ်စ်ကူးစက်မှုတွေ့ရှိပြီးနောက် ရေနံဈေးကျဆင်းလာ

ဝါရှင်တန်၊  ဒီဇင်ဘာ ၃


အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်တွင် ကိုဗစ်-၁၉ ဗီဇပြောင်းဗိုင်းရပ်စ်ဖြစ်သော အိုမီခရွန်  ပထမဆုံးအတည်ပြုလူနာကို တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးအာဏာပိုင်များက ဒီဇင်ဘာ ၁ ရက် တွင်ပြောကြားခဲ့ပြီးနောက် နိုင်ငံတွင် ရေနံစျေးကျဆင်းလာကြောင်း သိရသည်။ 


ကိုဗစ်-၁၉ ဗီဇပြောင်းဗိုင်းရပ်စ် အိုမီခရွန် (Omicron) တွေ့ရှိမှု ကြောင့် ကုန်သည်များအနေဖြင့် လောင်စာဝယ်လိုကျဆင်းမည်ကို စိုးရိမ်နေကြောင်း စျေးကွက်လေ့လာဆန်းစစ်သူများကပြောကြား သည်။  


နယူးရောက် စတော့အိတ်ချိန်းတွင် ရေနံစိမ်းတစ်စည်လျှင် အမေရိ ကန်ဒေါ်လာ  ၆၅ ဒသမ ၅၇ ဒေါ်လာရှိပြီး တက္ကဆက်ပြည်နယ် အနောက်ပိုင်း၌ ဇန်နဝါရီလလယ်တွင် တင်ပို့မှုအတွက် စာရင်းရှင်းရာ တွင် အမေရိကန်ဒေါ်လာ ၆၁ ဆင့်ဈေးကျခဲ့ကြောင်း သိရသည်။ 


အိုမီခရွန်ဗီဇပြောင်းဗိုင်းရပ်စ်ကို ကမ္ဘာတစ်ဝန်းရှိနိုင်ငံများနှင့် ဒေသအများအပြားတွင် စစ်ဆေးတွေ့ရှိခဲ့ပြီး အစိုးရများသည် ကန့်သတ် ချက်များကို တင်းကျပ်ကာ ခရီးသွားလာခွင့် ပိတ်ပင်မှုအသစ်များ ချမှတ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။        (Ref:BBC)






အခြားဆက်စပ်သတင်းများ