နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရုရှားနှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးများ တွေ့ဆုံ

မော်စကို၊  ဒီဇင်ဘာ ၃


ယူကရိန်းပဋိပက္ခ အပါအဝင် နှစ်နိုင်ငံနှင့် ကျယ်ပြန့်သော နိုင်ငံတကာကိစ္စရပ်များကို ဆွေးနွေးရန် ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာရောဗ့်နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်တို့သည် ဒီဇင်ဘာ ၂ ရက်က တွေ့ဆုံကြသည်။  


ယင်းသို့တွေ့ဆုံရာတွင်  ရုရှားဝန်ကြီး  လာရော့ဗ်အနေဖြင့် ယူကရိန်း ပဋိပက္ခကို ပြေငြိမ်းစေရေးအတွက် ရုရှားသည် အမေရိကန်နှင့်အတူ နော်မန်ဒီပုံစံ (ရုရှား၊ ဂျာမနီ၊ ပြင်သစ်၊ ယူကရိန်း)  အဆင့်များနှင့်အညီ  ကြိုးပမ်းနေကြောင်း ပြောကြားသည်။  ဥရောပတွင် မကြာသေးမီက တင်းမာမှုများ မြင့်တက်လာနေခဲ့ခြင်းကို မစ္စတာ လာရော့ဗ်က လက်ခံ ပြီး အခြေအနေများ ပုံမှန်ဖြစ်အောင်လုပ်ဆောင်ရန် အကျိုးစီးပွား ချိန်ခွင်လျှာကို ညီမျှစွာရှာဖွေရမည်ဖြစ်ကြောင်း ယင်းကပြောကြား သည်။ 


ဘလင်ကန်ကမူ ယူကရိန်းနှင့်ပတ်သက်ပြီး ရုရှားကပြန်လည် ကျူးကျော်နိုင်သည့်အပေါ် လေးလေးနက်နက်စိုးရိမ်မှုရှိနေကြောင်း ပြောပြီး ဝါရှင်တန်၏စိုးရိမ်မှုသာမက ဥရောပရှိ နိုင်ငံအများအပြားပါဝင် သည့် စိုးရိမ်မှုတစ်ခုဖြစ်ကြောင်း မှတ်ချက်ပြုထားသည်။  


အမေရိကန်သည် မော်စကိုနှင့် ကိယက်ဗ်တို့ကြား ဆက်ဆံရေးကို ပြုပြင်ပြောင်းလဲရန် ဆန္ဒရှိသော်လည်း ထိပ်တိုက်ရင်ဆိုင်ရန် ရုရှားက ဆုံးဖြတ်ပါက ဆိုးရွားသော အကျိုးဆက်များ ရှိလာမည်ဖြစ်ကြောင်း ဘလင်ကန်က ပြောကြားသည်။ 


အမေရိကန် နိုင်ငံခြားရေးဝန်ကြီးက  အီရန်နူကလီးယား သဘော တူညီချက် ပြန်လည်ထိန်းသိမ်းရေး၊ နာဂေါနို-ကာရာဘတ်ပြေငြိမ်းရေး၊ ရုရှားတွင် အကျဉ်းကျနေသည့် အမေရိကန် နိုင်ငံသားများကိုလွှတ်ပေး ရေးစသည့် ကိစ္စများကို ရုရှားနိုင်ငံခြားရေးဝန်ကြီးနှင့် ဆွေးနွေးလို ကြောင်း ပြောကြားသည်။                                                        (Ref:AFP)






အခြားဆက်စပ်သတင်းများ