နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံး စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မှု စီမံကိန်းအကောင်အထည်ဖော်မည်

ဒါကာ၊  ဒီဇင်ဘာ ၃ 


ဘင်္ဂလားဒေ့ရှ်တွင် ပထမဆုံး စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မှု စီမံကိန်း အကောင်အထည်ဖော်မည်ဖြစ်ပြီး ယင်းကို တရုတ်စီးပွားရေးလုပ်ငန်းတစ်ခုနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။ 

သဘောတူစာချုပ်များအရ China Machinery Engineering Corporation (CMEC) က ဒါကာမြို့တော်အပြင်ဘက် Aminbazar မြို့တွင် ၄၂ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်သော စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်လုပ်သည် စက်ရုံတည်ဆောက်သွားမည်ဖြစ်ကြောင်း ဒီဇင်ဘာ ၂ ရက်က ထုတ်ပြန်ထားသည်။ 


ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ မြို့တော်ဒါကာတွင် စွန့်ပစ်အမှိုက်များကို သင့်တင့်စွာ စီမံခန့်ခွဲမှုလုပ်ဆောင်နိုင်ရန် စွန့်ပစ်အမှိုက်များမှ လျှပ်စစ် ထုတ်လုပ်မှု စီမံကိန်းတစ်ခုကို အချိန်ကြာမြင့်စွာ ဆောင်ရွက် လျက်ရှိရာ လက်ရှိတွင် ဘဏ္ဍာရေးဝန်ကြီး AHM Mustafa Kamal ဦးဆောင်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ ငွေပေးချေမှုဆိုင်ရာ ကော်မတီ က ယခုစီမံကိန်းကို အကောင်အထည်ဖော်မည့် CMEC နှင့် သက်တမ်း ၂၅ နှစ်ရှိသော သဘောတူစာချုပ်တစ်ခုကို ခွင့်ပြုခဲ့ခြင်းဖြစ်သည်။  စီမံကိန်းသဘောတူစာချုပ်အရ စွန့်ပစ်အမှိုက်မှ လျှပ်စစ်ထုတ်လုပ်မှု စက်ရုံတွင် ၄၂ ဒသမ ၅ မဂ္ဂါဝပ် ထုတ်လုပ်နိုင်စွမ်းဖြစ်ပြီး မြို့တော် ဧရိယာမှ သိမ်းဆည်းထားသော အမှိုက်အသစ် တစ်နေ့လျှင် တန် ၃,၀၀၀ ခန့်ကို ကိုင်တွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။ 

(Ref:BBC)






အခြားဆက်စပ်သတင်းများ