နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုမီခရွန် ကူးစက်ခံထားရသူနှစ်ဦး အိန္ဒိယတွင် စတင်တွေ့ရှိ

 နယူးဒေလီ၊  ဒီဇင်ဘာ ၃


အိန္ဒိယသည် နိုင်ငံတစ်ဝန်းတွင် ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ပေါင်း ၂၀၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လအတန်ကြာတွင် အလွန်ပြင်း ထန်စွာကူးစက်နိုင်သော အိုမီခရွန်မျိုးကွဲ ပထမဆုံး ကူးစက်ခံထားရသူ နှစ်ဦးကိုတွေ့ရှိခဲ့ကြောင်း ဒီဇင်ဘာ ၂ ရက်က ကြေညာလိုက်သည်။  


နိုင်ငံတောင်ပိုင်းရှိ အမျိုးသားနှစ်ဦးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး အသက် ၆၆ နှစ်နှင့် ၄၆ နှစ်အရွယ်ရှိကာ စမ်းသပ်ရာတွင် အိုမီခရွန်မျိုးကွဲ ကူး စက်ခံရကြောင်း တွေ့ရှိခဲ့ကြောင်း ကျန်းမာရေးဝန်ကြီးဌာန ထိပ်တန်း အရာရှိတစ်ဦးဖြစ်သူ လူဗ်အဂ္ဂါဝယ်လ်က ပြောကြားသည်။ 


နိုင်ငံအနေဖြင့် နိုင်ငံတကာခရီးသွားလာဝင်ရောက်ခွင့် ပိတ်ပင် တားမြစ်မှုကို  ချမှတ်ခြင်းမရှိသေးသော်လည်း ခရီးသွားအားလုံးကို ဆိုက်ရောက်ပြီးနောက်ပိုင်း ကိုဗစ်စစ်ဆေးမှုကို မဖြစ်မနေခံယူရန် ညွှန်ကြားထားကာ အခြားနိုင်ငံတကာမှ ရောက်လာသူများကိုလည်း စမ်းသပ်စစ်ဆေးရန် ညွှန်ကြားထားကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။ 


အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ကိုဗစ်ရောဂါကူးစက်ခံရမှု ဒုတိယအများဆုံးနိုင်ငံဖြစ်ပြီး အတည်ပြုကူးစက်ခံရသူ ၃၄ သန်းကျော် ရှိနေကာ နိုင်ငံအတွင်းကိုဗစ်ကြောင့် သေဆုံးသူ ၄၇၀၀၀၀ နီးပါးရှိပြီး အမေရိကန်နှင့် ဘရာဇီးပြီးနောက် တတိယအများဆုံးသေဆုံးခဲ့ရသည့် နိုင်ငံလည်းဖြစ်သည်။  အစိုးရအချက်အလက်များအရ အိန္ဒိယနိုင်ငံမှာ  ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ ဒသမ ၂ ဘီလီယံကျော်ကို ထိုးပေးရန် စီမံဆောင်ရွက်ထားသော်လည်း လူဦးရေ၏        သုံးပုံတစ်ပုံကသာ  ကာကွယ်ဆေးအပြည့်အ၀ထိုးပေးပြီးပြီ ဖြစ်ကြောင်းသိရသည်။

(Ref:BBC)






အခြားဆက်စပ်သတင်းများ