နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မော်စကိုရှိ အမေရိကန်သံတမန်များ နှစ်လအတွင်း အပြီးထွက်ခွာရန် ရုရှားပြော

မော်စကို၊  ဒီဇင်ဘာ ၃


ရုရှားသံတမန်များကို နှင်ထုတ်ရန် အမေရိကန်နိုင်ငံကဆုံးဖြတ် ခဲ့ခြင်း အပေါ် လက်တုံ့ပြန်သည့်အနေဖြင့် မော်စကိုမြို့ရှိ အမေရိကန် သံရုံးမှ ဝန်ထမ်းများအား နှစ်လအတွင်း ရုရှားနိုင်ငံမှအပြီးထွက်ခွာ သွားရန် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောကြားလိုက်သည်။ 


၂၀၂၂ ပြည့်နှစ်၊ ဇန်နဝါရီ ၃၁ ရက်တွင် မော်စကိုမြို့ရှိ အမေရိကန် သံရုံးတွင် သုံးနှစ်ကျော် အလုပ်လုပ်ကိုင်ထားပြီးဖြစ်သည့် ဝန်ထမ်း များသည် ရုရှားနိုင်ငံက ထွက်ခွာသွားရမည်ဖြစ်ကြောင်း ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Maria Zakharova က ပြောကြားသည်။ 


သို့ရာတွင် ထွက်ခွာသွားရမည့် အမေရိကန် သံတမန်အရေအတွက် အတိအကျကိုမူ ယင်းက ထုတ်ဖော်ပြောကြားခြင်းမရှိသော်လည်း အမေရိကန်နိုင်ငံကမူ ရုရှားသံတမန်  ၅၅  ဦးကို နှင်ထုတ်ခဲ့ပြီးဖြစ်သည် ဆို၏ ။


အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ရှိ ရုရှားသံရုံးမှ သံဝန်ထမ်းများ နှင့် နယူးယောက်မြို့၊ ဟူစတန်မြို့ရှိ ရုရှားကောင်စစ်ဝန်ချုပ်ရုံး များမှ  ကောင်စစ်အမှုထမ်းများ၏ နေထိုင်ခွင့်ကာလကို သုံးနှစ် သက်တမ်းအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၀ ပြည့်နှစ်တွင် ကန့်သတ်ခဲ့ခြင်းကြောင့် ရုရှားဘက်ကလည်း အလားတူ ကန့်သတ်ချက်မျိုး ပြန်လည်ချမှတ်ခဲ့ခြင်းဖြစ်သည်။  (Ref:Reuters)






အခြားဆက်စပ်သတင်းများ