နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိုမီခရွန်ကာကွယ်ရန် အမေရိကန်များ အားဖြည့်ကာကွယ်ဆေးတစ်ကြိမ် ထပ်မံထိုးသင့်ဟု ကန်သမ္မတ ပြောကြား

ဝါရှင်တန်၊ ဒီဇင်ဘာ ၂


အမေရိကန်အစိုးရအနေဖြင့် အိုမီ ခရွန်ပိုးသစ်ကိုကာကွယ်ရန် အားဖြည့် ကာကွယ်ဆေးတစ်ကြိမ် ထပ်ထိုးသင့် ကြောင်း  သမ္မတ ဂျိုးဘိုင်ဒင်ကပြော ကြားလိုက်ပြီး လိုအပ်ပါက ကာကွယ် ဆေးသစ်များထုတ်လုပ်ရန် ဆေးဝါး ကုမ္ပဏီများနှင့် ပူးပေါင်း ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ 


အမေရိကန်တွင် အသက်ငါးနှစ် အထက် ကာကွယ်ဆေးမထိုးရသေး သည့် အမေရိကန်နိုင်ငံသား သန်း ၈၀ ရှိနေပြီး ဆေးရုံတက်ရခြင်းနှင့် သေဆုံးမှု အပေါ် အိုမီခရွန်၏ သက်ရောက်မှုကို သိရှိရန်     အချိန်နှစ်ပတ်လိုမည်ဖြစ် ကြောင်း  ကျွမ်းကျင်သူများပြောကြား ထားသည်။  


အိုမီခရွန်မျိုးကွဲ ကူးစက်ခံရသူ အများစုမှာ လူငယ်များဖြစ်ပြီး ရောဂါ လက္ခဏာ အနည်းငယ်သာပြကြောင်း တောင်အာဖရိကမှ ပညာရှင်များကပြော သည်။  ရောဂါလက္ခဏာများတွင် မောပန်းနွမ်းနယ်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် ကြွက်သားနာကျင်ခြင်းတို့ ပါဝင်ပြီး အဆိုပါလက္ခဏာများကို လူနာများမှာ  ရက်ပိုင်းအတွင်း ခံစားရလေ့ရှိကြောင်း သိရသည်။                 (Ref:The BBC)






အခြားဆက်စပ်သတင်းများ