နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေး ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မည်ဟု OECD ခန့်မှန်း

အစ္စတန်ဘူလ်၊  ဒီဇင်ဘာ ၂


ကမ္ဘာ့စီးပွားရေး ပူးပေါင်းဆောင် ရွက်မှုနှင့်  ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ (OECD) က လာမည့် ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးသည် ၄ ဒသမ ၅ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းချက် ထုတ်ပြန်လိုက်သည်။  


“ကမ္ဘာ့စီးပွားရေးက ကုန်သွယ်မှု၊ အလုပ်အကိုင်နှင့် ဝင်ငွေများနှင့်အတူ ပြန်လည်ဦးမော့လာသော်လည်း ပြန် လည်နိုးထလာမှုမှာ ဟန်ချက်မညီဘဲ  နိုင်ငံများ၊ စီးပွားရေးလုပ်ငန်းများနှင့် လူများမှာ အလွန်ကွဲပြားခြားနားသော စီးပွားရေးပကတိအခြေအနေမှန်များကိုရင်ဆိုင်နေရပါတယ်”ဟု  ဒီဇင်ဘာ ၁ ရက်နေ့ OECD အစီရင်ခံစာတွင် ဖော်ပြထားသည်။  


ထို့ပြင် အဖွဲ့အစည်းဗဟိုဌာနအနေ ဖြင့် ၂၀၂၂ ခုနှစ်အထိ ဘဏ္ဍာရေးမူဝါဒ များကို ဆက်လက်ပံ့ပိုးပေးမည်ဟုမျှော် လင့်ထားကြောင်း၊ ဂျီဒီပီတိုးတက်မှုနှုန်း သည် ၂၀၂၂ ခုနှစ်တွင် ၄ ဒသမ ၅ ရာခိုင်နှုန်းနှင့် ၂၀၃၂ ခုနှစ်တွင် ၃ ဒသမ ၂ ရာခိုင်နှုန်းတိုးလာနိုင်ကြောင်း ခန့်မှန်း ထားသည်။ 


အလားတူ ယူရိုဇုန်အတွက် အစီ ရင်ခံစာ၏ မျှော်မှန်းချက်တွင်မူ ယခုနှစ် အတွက် ၅ ဒသမ၂ ရာခိုင်နှုန်း၊ ၂၀၂၂ ခုနှစ်အတွက် ၄ ဒသမ ၃ ရာခိုင်နှုန်းနှင့် ၂၀၂၃ ခုနှစ်အတွက် ၂ ဒသမ ၅ ရာခိုင်နှုန်း ဖြစ်ပြီး အမေရိကန်စီးပွားရေးသည် ၂၀၂၁ ခုနှစ်တွင် ၅ ဒသမ ၆ ရာခိုင် နှုန်း၊ ၂၀၂၂ ခုနှစ်တွင် ၃ ဒသမ ၇ ရာခိုင် နှုန်းနှင့် ၂၀၂၃ ခုနှစ်တွင်၂ ဒသမ ၄ ရာခိုင်နှုန်းတိုးတက်ရန် မျှော်မှန်းထား ကာ တရုတ်စီးပွားရေးသည် ယခုနှစ်တွင် ၈ ဒသမ ၁ ရာခိုင်နှုန်းနှင့် ၂၀၂၃ တွင် ၅ ဒသမ ၁ ရာခိုင်နှုန်း တိုးတက်မည်ဖြစ် ကြောင်းခန့်မှန်းထားသည်။   (Ref:AP)






အခြားဆက်စပ်သတင်းများ