နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မန္တလေးမြို့ ဓာတ်အားလိုင်း ဓာတ်အားခွဲရုံများ ပြုပြင်ထိန်းသိမ်းခြင်းဆောင်ရွက်

မန္တလေး    ဒီဇင်ဘာ     ၁


မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းမှ မန္တလေး ခရိုင်အတွင်း လျှပ်စစ်ဓာတ်အား ဗို့အားပြည့်သုံးစွဲနိုင်ရေးနှင့် နွေရာသီဓာတ်အားပြတ်တောက်မှုလျော့နည်းရေး၊ လျှပ်စစ်အန္တရာယ်ကင်း ရှင်းရေးအတွက်မြို့နယ်နှင့်ရပ်ကွက်များတွင် ထရန်စဖော်မာများ                                         တိုးချဲ့တပ်ဆင်ခြင်း၊ ကာဗာပါကြေးလိုင်းကြိုးသစ်များ လဲလှယ်တပ် ဆင်ခြင်းများဆောင်ရွက်လျက်ရှိသည်။


မန္တလေးခရိုင်လျှပ်စစ်မန်နေဂျာရုံးက ကြီးကြပ်၍ ဒီဇင်ဘာ ၂ ရက်တွင် နံနက် ၉ နာရီမှ ၁၂ နာရီအထိ အောင်မြေသာစံမြို့နယ် 33 KV ညောင်ကွဲဓာတ်အားခွဲရုံမှ 11KV သန္တာရုံဖီဒါအထိ သစ်ပင်                 သစ်ကိုင်းများခုတ်ထွင်ရှင်းလင်းခြင်း၊ VCBPannal များလဲလှယ်ခြင်း၊ မဟာအောင်မြေမြို့နယ် ရွှေကျောင်းကြီးဓာတ်အားခွဲရုံမှ ဧရာဝတီ            ဖီဒါနှင့်စိန်ပန်းဖီဒါအားလည်းကောင်း၊ ချမ်းအေးသာစံမြို့နယ် ဟေမာ ဇလဓာတ်အားခွဲရုံနှင့်မြောက်ပြင်အိုးဘိုပင်မဓာတ်အားခွဲရုံ ဆက်သွယ် ထားသော ဓာတ်အားလိုင်းများ ကြွေသီးအသစ်လဲလှယ်ခြင်းနှင့် ဓာတ်အားလိုင်းနှင့်ထိနေသော သစ်ပင်သစ်ကိုင်းများခုတ်ထွင်ရန် အရေးပေါ်ဓာတ်အားပိတ်၍ဓာတ်အားလိုင်းနှင့်ဓာတ်အားခွဲရုံများ           ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများဆောင်ရွက်မည်ဖြစ်၍ မန္တလေးခရိုင်အတွင်းမြို့နယ်အချို့ယာယီဓာတ်အားပြတ်တောက်မည်ဖြစ် ကြောင်း မန္တလေးခရိုင်လျှပ်စစ်မန်နေဂျာရုံးက အသိပေးထားသည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ