နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မိုက်ခရိုဆော့ဖ်ကုမ္ပဏီက MSN သတင်းဝက်ဘ်ဆိုက်အတွက် ဂျာနယ်လစ်များနေရာတွင် မှတ်ဉာဏ်တုနည်းပညာ အစားထိုးအသုံးပြုမည်

မေ ၃၁၊  ဝါရှင်တန်


မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှာ MSN ဝက်ဘ်ဆိုက်အတွက် ခန့်အပ်ထားသည့် ဂျာနယ်လစ်များ၏နေရာတွင် အလိုအလျောက်စနစ်ကို အစားထိုးအသုံးပြုပြီး သတင်းများ ရွေးချယ်သွားမည်ဟု အမေရိကန်နှင့် ဗြိတိန် သတင်းဌာနများက ဖော်ပြသည်။ 


MSN ဝက်ဘ်ဆိုက်အတွက် သတင်းအေဂျင်စီများထံမှ သတင်းများ ရွေးချယ်ဖော်ပြခြင်း၊ သတင်းခေါင်းစဉ်နှင့် ဓာတ်ပုံများ ရွေးချယ်ခြင်းကို လက်ရှိအချိန်တွင် ဂျာနယ်လစ်များက လုပ်ဆောင်ပေးနေသည်။ သို့သော် မကြာမီကာလအတွင်း သတင်းထုတ်လုပ်ရေးတာဝန်များကို မှတ်ဉာဏ်တုနည်းပညာက ဆောင်ရွက်သွားမည်ဟု သတင်းရင်းမြစ်များက ပြောသည်။ ယခုကဲ့သို့ ဆုံးဖြတ်ခဲ့ခြင်းမှာ ယင်းတို့၏ စီးပွားရေးလုပ်ငန်းအပေါ် ချင့်ချိန်သုံးသပ်မှု တစ်စိတ်တစ်ပိုင်းဖြစ်သည်ဟု မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ပြောသည်။ 


မိုက်ခရိုဆော့ဖ်ကုမ္ပဏီမှာ အခြားနည်းပညာကုမ္ပဏီများကဲ့သို့ သတင်းအေဂျင်စီများကို အခကြေးငွေပေးပြီး ယင်းတို့၏သတင်းများကို MSN ဝက်ဘ်ဆိုက်တွင် အသုံးပြုနေခြင်း ဖြစ်သည်။ သို့သော် မည်သည့်သတင်းကို ဖော်ပြမည်၊ မည်သည့်ပုံစံ တင်ဆက်မည်၊ မည်သည့်ပုံများ ရွေးချယ်အသုံးပြုမည်ဆိုခြင်းကို ဆုံးဖြတ်ရန် ဂျာနယ်လစ်များ ခန့်အပ်ထားသည်။ လာမည့်ဇွန်လအကုန်တွင် သတင်းထုတ်လုပ်သူ ၅၀ နီးပါး အလုပ်အကိုင် ဆုံးရှုံးရမည်ဖြစ်သော်လည်း အချိန်ပြည့်ဝန်ထမ်းဖြစ်သည့် ဂျာနယ်လစ်များမှာ ဆက်ရှိနေမည်ဖြစ်သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ