နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်နိုင်ငံတွင် ပါတီပွဲတက်ခဲ့သည့် ဘယ်လ်ဂျီယံမင်းသား၌ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးတွေ့ရှိ

မေ  ၃၁၊  ဘရပ်ဆဲလ်


စပိန်နိုင်ငံတွင် ပိတ်ဆို့မှုလုပ်ထားချိန်အတွင်း ပါတီပွဲတက်ရောက်ခဲ့သည့် ဘယ်လ်ဂျီယံမင်းသားမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရကြောင်း ဘယ်လ်ဂျီယံနိုင်ငံ တော်ဝင်နန်းတော်က ထုတ်ပြန်ခဲ့သည်။ 

အသက် ၂၈ နှစ်ရှိသည့် မင်းသား ဂျိုအာချင်မှာ မေလ ၂၆ ရက်က လုပ်ငန်းခွင် အတွေ့အကြုံယူရန်အတွက် စပိန်နိုင်ငံသို့ သွားရောက်ခဲ့သည်ဟု ဆိုသည်။ နောက်နှစ်ရက်အကြာတွင် ဂျိုအာချင်က စပိန်နိုင်ငံတောင်ပိုင်း ကော်ဒိုဘာမြို့တွင် ပါတီပွဲတက်ရောက်ခဲ့သည်။ ထို့နောက် COVID-19 ရောဂါ ရှိ/မရှိ စစ်ဆေးခဲ့ရာ ရောဂါပိုး တွေ့ရှိခဲ့သည်။ 


ဂျိုအာချင်မှာ ဘယ်လ်ဂျီယံဘုရင် ဖီးလစ်၏ တူတော်စပ်သည်ဟု ဆိုသည်။ ကော်ဒိုဘာမြို့မှ ပါတီပွဲတွင် ဂျိုအာချင်အပါအဝင် လူ ၂၇ ဦး ပါဝင်ခဲ့သည်ဟု စပိန်မီဒီယာများက ဖော်ပြသည်။ ကော်ဒိုဘာမြို့၏ ပိတ်ဆို့မှု စည်းမျဉ်းများအရ လူ ၁၅ ဦးထက်ပို၍ စုဝေးခွင့်မရှိရာ အဆိုပါပါတီပွဲအရွယ်အစားမှာ စည်းမျဉ်းချိုးဖောက်ခြင်း ဖြစ်သည်။ စပိန်ရဲတပ်ဖွဲ့က အဆိုပါပါတီပွဲကို စုံစမ်းစစ်ဆေးမှုပြုလုပ်နေရာ စည်းမျဉ်းချိုးဖောက်ခဲ့သည်ဟု စစ်ဆေးတွေ့ရှိရပါက ယူရို ၁၀၀၀၀ အထိ ဒဏ်ငွေချမှတ်နိုင်သည်ဟု ဆိုသည်။                        


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ