နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံရှိ မြို့ပေါင်း ၂၅ မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထား

မေ  ၃၁၊  ဝါရှင်တန်


ထိန်းသိမ်းခံရချိန်အတွင်း ရဲအရာရှိတစ်ဦးကြောင့် လူမည်းအမျိုးသားတစ်ဦး သေဆုံးခဲ့ခြင်းကို မကျေနပ် သည့်အတွက် အမေရိကန်နိုင်ငံ၏ အနည်းဆုံးမြို့ပေါင်း ၃၀ တွင် ဆန္ဒပြမှုများ ဖြစ်ပွားလျက်ရှိသည်။ 


ပြီးခဲ့သည့်တနင်္လာနေ့တွင် မင်နီယာပိုလစ်ရဲတပ်ဖွဲ့မှ ရဲအရာရှိ ( ဟောင်း) က လက်နက်မဲ့ လူမည်းအမျိုးသား ဂျော့ဖလွိုက်၏ဇက်ကို ဒူးဖြင့်ဖိပြီး ဖမ်းဆီးခဲ့သည်။ ဂျော့ဖလွိုက်က အသက်ရှူကျပ်နေပြီဟု ပြောခဲ့သော်လည်း ရဲအရာရှိက ယင်း၏ဒူးကို ဖယ်ပေးခဲ့ခြင်းမရှိပေ။


ဂျော့ဖလွိုက် သေဆုံးမှုမှာ ရဲအရာရှိများကြောင့် လူမည်းအမျိုးသားများ သေဆုံးရခြင်းအပေါ် နာကြည်းခံပြင်း နေသည့် လူထုကို အနာပေါ်တုတ်ကျဖြစ်စေခဲ့ပြီး ဆန္ဒပြပွဲများ အကြီးအကျယ် ဖြစ်ပွားခဲ့သည်။ လက်ရှိအချိန်တွင် အမေရိကန်နိုင်ငံ၏ ပြည်နယ် ၁၆ ခုရှိ မြို့ပေါင်း ၂၅ မြို့တွင် ညမထွက်ရအမိန့် ထုတ်ပြန်ထားသည်။


မင်နီဆိုတာပြည်နယ်ရှိ ဆန္ဒပြပွဲများကို တုံ့ပြန်လှုပ်ရှားနိုင်ရန်အတွက် မင်နီဆိုတာအမျိုးသားသက်စောင့် တပ်ဖွဲ့က ပြည်သူ့စစ်အဖွဲ့ဝင်နှင့် လေတပ်တပ်ဖွဲ့ဝင် ၄၁၀၀ ထပ်မံစေလွှတ်ခဲ့ရာ စုစုပေါင်းတပ်ဖွဲ့ဝင် ၁၀၈၀၀ ရှိလာခဲ့ပြီဖြစ်သည်။  ဂျော်ဂျီယာပြည်နယ်တစ်ဝန်းတွင် အမျိုးသားသက်စောင့်တပ်ဖွဲ့ဝင် အင်အား ၃၀၀၀ ဖြန့်ကြက်ထားသည်။     


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ