နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စစ်တွေမြို့အနောက်မြောက်ဘက် ၃၈ မိုင်ခန့်အကွာ၌ ဘင်္ဂါလီလူမျိုး ၂၂၈ ဦး လိုက်ပါလာသည့် စက်လှေ ဖမ်းဆီးရမိ

ရန်ကုန်၊ နိုဝင်ဘာ ၃၀


ရခိုင်ပြည်နယ်၊  စစ်တွေမြို့၏ အနောက်မြောက်ဘက် ၃၈ မိုင်ခန့် အကွာ၌  ယမန်နေ့ နံနက် ၇ နာရီ ၄၅ မိနစ်ခန့်တွင် တပ်မတော်(ရေ)မှ စစ်ရေ ယာဉ်များဖြင့် လှည့်ကင်းဆောင်ရွက်စဉ် မသင်္ကာဖွယ် စက်လှေတစ်စင်းတွေ့ရှိ သဖြင့် စစ်ဆေးရာ အလျား ၅၉ ပေ၊ တစ် လက်မ၊ အနံ ၁၄ ပေ ၉ လက်မ၊ ရေစူး ၅ ပေ ခန့်အရွယ် သစ်သားကိုယ်ထည် ဝတီထွန်း ၅ အမည်ရှိ စက်လှေတစ်စင်း ပေါ် တွင် ဘင်္ဂါလီလူမျိုး အမျိုးသား ၇၀ ဦး၊ အမျိုးသမီး ၁၂၅ ဦး၊ ကလေး ၃၃ ဦး၊ စုစုပေါင်း ၂၂၈ ဦးနှင့် လှေလုပ်သား မြန်မာလူမျိုးတရားခံ အမျိုးသားငါးဦး တို့နှင့်အတူ ဖမ်းဆီးရမိသည်။


ဖမ်းဆီးရမိသူများကို  လုပ်ထုံးလုပ် နည်းများနှင့်အညီ ဆက်လက်ဆောင် ရွက်နိုင်ရေး မြန်မာနိုင်ငံရဲတပ် ဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများထံသို့ လွှဲပြောင်းပေးအပ် သွားမည်ဖြစ်ကြောင်း သိရသည်။                           

ဆွေဦး






အခြားဆက်စပ်သတင်းများ