နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အံ့ကြီးရပ်ကွက်တွင် ရန်ဖြစ်ရာမှ ဓားထိုးမှုဖြစ်

ဒလ၊  နိုဝင်ဘာ ၃၀


ဒလမြို့နယ်၊ အံ့ကြီးအရှေ့ရပ်ကွက်၊ ပိတောက်လမ်းမပေါ်တွင် အမျိုးသားတစ် ဦးကို ဓားဖြင့်ထိုးသူအား ဒလမြို့မရဲ စခန်းမှ ရဲတပ်ဖွဲ့ဝင်များနှင့် လုံခြုံရေးတပ်ဖွဲ့ ဝင်များက နာရီပိုင်းအတွင်း ဖမ်းဆီးရမိ အမှုဖွင့်အရေးယူနိုင်ထားသည်။


ဖြစ်စဉ်မှာ နိုဝင်ဘာ ၂၈ ရက်၊ ည ၁၀ နာရီက အံ့ကြီးအရှေ့ရပ်ကွက်၊ ပိတောက် လမ်းမပေါ်တွင် ဦးမြင့်အေး (၄၂ နှစ်) နှင့် ခင်မောင်ဇော် (ခ) ကတုံး (၄၇ နှစ်)တို့နှစ်ဦး စကားများရန်ဖြစ်ရာမှ ခင်မောင်ဇော်(ခ) ကတုံးက ဦးမြင့်အေးအား အသင့်ပါလာ သောဓားဖြင့် ရင်ညွန့်သို့ထိုးကာ ထွက်ပြေး တိမ်းရှောင်သွားရာ ဦးမြင့်အေး၏ဇနီး ဒေါ်သိန်းသိန်းစိုးက မြို့မရဲစခန်းသို့တိုင် ကြားချက်အရ ကတုံး(ခ)ခင်မောင်ဇော်(ပုံ) အား ၀၄ ရပ်ကွက်လမ်းထိပ်တွင် ပြစ်မှု ကျူးလွန်ရာတွင်အသုံးပြုသည့် ဓားနှင့် အတူတွေ့ရှိဖမ်းမိအရေးယူထားသည်။


ဓားဒဏ်ရာရရှိသူ  ဦးမြင့်အေးအား ရန်ကုန်ပြည်သူ့ဆေးရုံကြီး(စိုးရိမ်ရ)တွင် ကုသပေးလျက်ရှိသည်။     ထွန်းလှ(ဒလ)






အခြားဆက်စပ်သတင်းများ