နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိန္ဒိယနိုင်ငံတွင် တစ်ရက်တာစံချိန်တင် ဗိုင်းရပ်စ်ကူးစက်မှုဖြစ်ခဲ့သော်လည်း ပိတ်ဆို့မှုစည်းမျဉ်းများ ဖြေလျှော့ပေး

မေ  ၃၁၊  နယူးဒေလီ


အိန္ဒိယနိုင်ငံတွင် တစ်ရက်တာအတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အမြင့်ဆုံး စံချိန်တင်ခဲ့သော်လည်း နိုင်ငံတစ်ဝန်း ပိတ်ဆို့မှုစည်းမျဉ်းများကို နောက်ထပ်ဖြေလျှော့ပေးမည့် အစီအစဉ်များ ကြေညာခဲ့သည်။ 


အဆင့်(၃)ဆင့် ပါဝင်သည့် ဖြေလျှော့မှုအစီအစဉ်၏ ပထမအဆင့်အဖြစ် ဇွန်လ ၈ ရက်မှစတင်၍ ဒေသ အများအပြားရှိ စားသောက်ဆိုင်များ၊ ဟိုတယ်များ၊ ဈေးဝယ်စင်တာများနှင့် ဝတ်ပြုဆုတောင်းရာနေရာများကို ပြန်လည်ဖွင့်လှစ်ခွင့်ပေးမည်ဖြစ်သည်။ လာမည့်ဇူလိုင်လအတွင်း ကျောင်းများနှင့် ကောလိပ်များတွင် စာသင်ကြားမှုများ ပြန်လည်စတင်ဖွယ် ရှိနေသည်။ သို့သော် COVID-19 ရောဂါဖြစ်ပွားမှုများသည့် ဒေသများတွင် တင်းကျပ်သည့်ပိတ်ဆို့မှု ဆက်လက်ကျင့်သုံးသွားမည်ဖြစ်သည်။ 


ပြီးခဲ့သည့်စနေနေ့က တစ်ရက်တာအတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု အများဆုံးစံချိန်အဖြစ် ကူးစက်ခံရသူ ၈၀၀၀ နီးပါး ရှိခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ကူးစက်ခံရသူ ၁၇၄၅၀၀ ရှိနေပြီး လူ ၅၀၀၀ နီးပါး သေဆုံးခဲ့သည်။ လူဦးရေ ၁.၃ ဘီလျံရှိသည့် အိန္ဒိယနိုင်ငံမှာ လွန်ခဲ့သည့်နှစ်လကတည်းက တင်းကျပ်သည့်ပိတ်ဆို့မှုများ ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယင်းကဲ့သို့ ပိတ်ဆို့ခဲ့ခြင်းကြောင့် အသက်ကယ်တင်နိုင်ခဲ့သည့် လူဦးရေ အရေအတွက်မှာ ၃၇၀၀၀ မှ ၇၈၀၀၀ ရှိသည်ဟု တရားဝင်ကိန်းဂဏန်းအချက်အလက်များတွင် သုံးသပ်ထားသည်။


 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ