နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချယ်လ်ဆီးနှင့်မန်ယူ စတန်းဖို့ဘရစ်ချ်မှာ တစ်မှတ်စီခွဲယူ

နိုဝင်ဘာ  ၂၉


ပရီးမီးယားလိဂ်ပွဲစဉ် ၁၃ ၏ ပွဲစဉ်တစ်ပွဲအဖြစ် ချယ်လ်ဆီးအသင်း နှင့် မန်ယူအသင်းတို့ ယမန်နေ့ ညပိုင်းက စတန်းဖို့ဘရစ်ချ်ကွင်း၌ ယှဉ်ပြိုင်ကစားရာ တစ်ဖက်တစ်ဂိုးစီ ဖြင့် သရေကျပြီး တစ်မှတ်စီရယူနိုင် ခဲ့ကြောင်း သိရသည်။


အဆိုပါပွဲစဉ်တွင် နှစ်သင်းစလုံးက အဓိက ကစားသမားအစုံအလင်ဖြင့် ပွဲထွက်လာခဲ့ပြီး မန်ယူအသင်းက တိုက်စစ်မှူး ရော်နယ်လ်ဒို တစ်ဦး တည်းသာ ချန်လှပ်ခဲ့သည်။


ပထမပိုင်းတွင် ချယ်လ်ဆီးအသင်း က ကစားကွက်အသာ၊ ဘောလုံး ပိုင်ဆိုင်မှုအသာဖြင့် ပွဲကို ထိန်းချုပ် ကစားခဲ့ပြီး မန်ယူအသင်းက တန်ပြန်တိုက်စစ်ဖြင့်သာ ယှဉ်ပြိုင် ကစားခဲ့သည်။


ချယ်လ်ဆီးအသင်း၏ ဂိုးကန်သွင်း ခွင့်များကို ဂိုးသမား ဒီဂေးယား အကောင်းဆုံး ကာကွယ်နိုင်ခဲ့သော ကြောင့် မန်ယူအသင်း သက်သာရာ ရခဲ့ပြီး ဂိုးမရှိသရေရလဒ်ဖြင့် ပထမပိုင်း ပြီးဆုံးခဲ့သည်။


ဒုတိယပိုင်း ပွဲချိန် ၅၀ မိနစ်တွင် ဂျော်ဂျင်ဟို၏ ဘောလုံးထိန်းသိမ်းပုံ မသေသပ်မှုကတစ်ဆင့် ဆန်ချိုက မန်ယူအသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့သည်။ ထို့နောက် ချယ်လ်ဆီးအသင်းက ဂိုးရရှိရေး တရစပ် တိုက်စစ်ဆင်ကစားပြီး ပွဲချိန် ၆၉ မိနစ်တွင် ချယ်လ်ဆီးအသင်း ပင်နယ်တီရရှိခဲ့ပြီး ဂျော်ဂျင်ဟိုက သွင်းယူခဲ့သည်။


လက်ကျန်မိနစ်များတွင် နှစ်သင်း စလုံးက ထပ်မံဂိုးသွင်းယူနိုင်ခြင်းမရှိဘဲ တစ်ဖက်တစ်ဂိုးစီဖြင့်သာ သရေရလဒ် ထွက်ပေါ်ခဲ့သည်။


အခြား ပရီးမီးယားလိဂ်ပွဲစဉ်တစ်ပွဲ ဖြစ်သည့် မန်စီးတီးအသင်းနှင့် ဝက်စ်ဟမ်းအသင်းတို့ ပွဲစဉ်တွင် မန်စီးတီးအသင်းက နှစ်ဂိုး၊ တစ်ဂိုး ဖြင့် အနိုင်ရရှိခဲ့သည်။ မန်စီးတီး အသင်းအတွက် ဂိုးများကို ပွဲချိန် ၃၃ မိနစ်တွင် ဂန်ဒိုဂွမ်နှင့် ၉၀ မိနစ်တွင် ဖာနန်ဒင်ဟိုတို့က သွင်းယူပြီး ဝက်စ်ဟမ်းအသင်းအတွက် တစ်လုံး တည်းသော ချေပဂိုးကို ပွဲချိန် ၉၄ မိနစ်တွင် လန်ဇီနီက သွင်းယူခဲ့ကြောင်း သိရသည်။                              (သူရိန်)






အခြားဆက်စပ်သတင်းများ