နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နိုင်ငံခြားငွေ အားထားရှာဖွေပေး တနင်္သာရီရေလုပ်ငန်းစီးပွားရေး

တနင်္သာရီတိုင်းဒေသကြီးအတွင်း ပင်လယ်ငါးဖမ်းလုပ်ငန်းနှင့် ငါးပုစွန် မွေးမြူရေးလုပ်ငန်းများသည် ပြည်တွင်း စားသုံးမှုသာမက ပြည်ပသို့ တင်ပို့ ရောင်းချခြင်းမှ နှစ်စဉ် နိုင်ငံခြားငွေ ရှာဖွေပေးလျက်ရှိရာ ရေထွက်ပစ္စည်း များ ပြည်ပသို့ တင်ပို့ရောင်းချမှုမှ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် ကုန်တန်ချိန် ၉၁၉၆၈ ကျော် (အမေရိကန်ဒေါ်လာ သန်း ၇၀ ဒသမ ၆၆၀)၊ ၂၀၁၇-၂၀၁၈ ခုနှစ်က တန်ချိန် ၁၉၃၇၆၆ ကျော် (ဒေါ်လာ သန်း ၁၃၉ ဒသမ ၀၆၉)၊ ၂၀၁၈-၂၀၁၉ ခုနှစ်က တန်ချိန် ၂၃၄၁၄၀ ကျော် (ဒေါ်လာ သန်း ၁၇၂ ဒသမ ၈၁၂)၊ ၂၀၁၉-၂၀၂၀ ခုနှစ်က တန်ချိန် ၂၉၆၆၀၈ ကျော် (ဒေါ်လာ သန်း ၂၅၂ ဒသမ ၈၃၂)၊ ၂၀၂၀-၂၀၂၁ ခုနှစ်က တန်ချိန် ၂၆၆၈၃၄ ကျော် (ဒေါ်လာသန်း ၂၃၃ ဒသမ ၀၂၄)နှင့် ၂၀၂၁-၂၀၂၂ က ခေါက်ရေပေါင်း ၅၁၉ ခေါက် တင်ပို့ပြီးချိန်တွင် ကုန်တန်ချိန် ပေါင်း ၂၁၁၅၆ တန်ကျော်အတွက် ဒေါ်လာ ၂၃ ဒသမ ၀၂၂ သန်း ရရှိခဲ့ပြီး ဖြစ်သည်။


တနင်္သာရီတိုင်းဒေသကြီးအတွင်း ထားဝယ်၊ မြိတ်နှင့် ကော့သောင်းခရိုင် တို့တွင် ကမ်းနီးငါးဖမ်းရေယာဉ် ၇၄၈၇ စင်းနှင့် ငါးသယ်ရေယာဉ် ၄၈၉ အပါအဝင် ရေယာဉ် ၇၉၇၆ စင်းတို့က ရေလုပ်ငန်း ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် တိုင်းဒေသကြီး ကမ်းဝေး ငါးဖမ်းရေယာဉ်အင်အားစု အနေဖြင့် ဒေသခံကမ်းဝေးရေယာဉ် ၄၁၃ စင်းနှင့် ဂရမ်ကြီးကမ်းဝေး ငါးဖမ်းရေယာဉ် ၉၂၅ စင်းတို့ဖြင့် ဖမ်းယူဆောင်ရွက် လျက်ရှိသည်။


တနင်္သာရီတိုင်းဒေသကြီး၏ ကမ်းနီး ကမ်းဝေး ငါးဖမ်းလုပ်ငန်းခွင်တွင် တိုင်း ဒေသကြီးအတွင်း ၁၀ မြို့နယ်၌ ကမ်းနီး ရေလုပ်သားပေါင်း ၁၉၀၀၀ ကျော် ကမ်းဝေးရေလုပ်သားပေါင်း ငါးသောင်း ခန့်နှင့် အခြားရေလုပ်သားပေါင်း ၈၅၀ ခန့်တို့အပါအဝင် ရေလုပ်သားပေါင်း ၆၇၀၀၀ ကျော်တို့   လုပ်ငန်းခွင်ဝင်ရောက် လျက်ရှိပြီး မြိတ်မြို့နယ်တွင် ကမ်းနီး/ ကမ်းဝေးရေလုပ်သားပေါင်း ၄၀၀၀၀ ခန့်နှင့် အများဆုံးဖြစ်ကာ ကော့သောင်း မြို့နယ်တွင် ၁၃၀၀၀ ခန့်ရှိပြီး ဒုတိယ အများဆုံးဖြစ်သည်။ ၁၀ မြို့နယ်အနက် တနင်္သာရီမြို့နယ်သည် ရေလုပ်သား အနည်းဆုံးဖြစ်ကာ ကမ်းနီးရေလုပ်သား ၈၀ ခန့်အပါအဝင် စုစုပေါင်း ၉၀ ခန့် သာ ရှိသည်ဆို၏။


ပင်လယ်ငါးဖမ်းရေလုပ်ငန်း စီးပွား ရေးတွင် ငါးကဏ္ဍဆိုင်ရာ စက်ရုံများမှာ လည်း အလွန်အရေးကြီးသည်။

တနင်္သာရီတိုင်းဒေသကြီးအတွင်း မြိတ်၊ ထားဝယ်နှင့် ကော့သောင်း သုံး ခရိုင်တွင် အအေးခန်းစက်ရုံ ၁၉ ရုံ၊ ငါး အမှုန့်စက်ရုံ ခုနစ်ရုံ၊ ရေခဲစက်ပေါင်း ၄၆ စက်နှင့် သင်္ဘောလွန်းကျင်း ခုနစ်ခု တည်ထောင်ထားပြီးဖြစ်သည်။

၂၀၂၀- ၂၀၂၁ ခုနှစ်က တနင်္သာရီ တိုင်းဒေသကြီးမှ ရေထွက်ပစ္စည်း တင်ပို့ရောင်းချနိုင်မှုမှာ ကော့သောင်းမှ ရနောင်းသို့ ကုန်တန်ချိန် ၂၆၆၈၃၄ ဒသမ ၁၁၂ ကျော်မှ ဒေါ်လာသန်း ၂၃၃ ဒသမ ၀၂၈၊ ထားဝယ်မှ ထီးခီးသို့ တန်ချိန် ၂၇၈၁ ဒသမ ၁၁ ဒေါ်လာသန်း ၄ ဒသမ ၄၆၂ ဖိုး၊ မြိတ်မှ ရနောင်းသို့ ကုန်တန်ချိန် ၃၁၃၇၉ ဒသမ ၈၀၆၊ တန်ဖိုးဒေါ်လာ ၃၃ ဒသမ ၉၀၈ သန်းဖိုး၊ မြိတ်မှ မောတောင်သို့ ကုန်တန်ချိန် ၇၈၃၅ ဒသမ ၁၆၄၊ တန်ဖိုး ဒေါ်လာ ၁၄ ဒသမ ၀၂၂ နှင့် မြိတ်၊ ထားဝယ်မှ ရန်ကုန်သို့ ကုန်တန်ချိန် ၄၀၅၀ ဒသမ ၄၈၅၊ တန်ဖိုး ဒေါ်လာ ၂၇ ဒသမ ၂၃၃ သန်းဖိုး စုစုပေါင်း ကုန်တန်ချိန် ၃၁၂၈၈၀ ဒသမ ၆၇၇ တန်ဖိုး ဒေါ်လာ ၃၁၂ ဒသမ ၆၅၃ သန်းဖိုး ဖမ်းယူထုတ် လုပ် တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း သိရ သည်။


ထို့ပြင် ယခု ၂၀၂၁-၂၂ ဘဏ္ဍာနှစ် အောက်တိုဘာအထိ အဆိုပါ ဌာန ငါးနေရာမှ ကုန်တန်ချိန်စုစုပေါင်း ၂၄၅၈၇ ဒသမ ၆၂၈ တန်ဖိုး ဒေါ်လာ သန်းပေါင်း ၂၉ ဒသမ ၂၁၅ တင်ပို့ ရောင်းချပြီးဖြစ်သည်ဆို၏။

တိုင်းဒေသကြီးအတွင်း ငါးအမှုန့် ကြိတ်စက်ရုံများကလည်း နိုင်ငံခြား ငွေ ရှာဖွေပေးနိုင်ခဲ့ရာ ကျွန်းစုမြို့နယ်၊ မြိတ်မြို့နယ်နှင့် လောင်းလုံမြို့နယ် များရှိ ကုမ္ပဏီခြောက်ခုပိုင် ငါးအမှုန့် ကြိတ်စက်ရုံများက ၂၀၂၀-၂၁ ခုနှစ် တွင် တန်ချိန် ၅၂၀၆၇ ဒသမ ၃၇ တန်ဖိုးဒေါ်လာသန်း ၂၈ ဒသမ ၄၀၈ သန်းဖိုး ထုတ်လုပ်တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။


တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီး ဌာနအနေဖြင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလုပ်ငန်းများ ကြီးကြပ်ဆောင် ရွက်ခြင်းသာမက သားဖောက်စခန်း များတွင် ရေချို/ရေငန် ငါး၊ ပုစွန် သားပေါက်များ ထုတ်လုပ်ပြီး သဘာဝ မြစ်ချောင်းများတွင် ငါးမျိုးများ စိုက် ထည့်ပေးခြင်း၊ ငါး၊ ပုစွန်မွေးမြူရေး ထုတ်လုပ်မှုကျင့်စဉ် GAqP သင်တန်း များ ဖွင့်လှစ်ပို့ချပေးခြင်း၊ အေးခဲ ရေထွက်ကုန်ပစ္စည်းများကို စားသုံး သူများ ယုံကြည်စိတ်ချမှု မြှင့်တင် ဆောင်ရွက်ခြင်း၊ ရေချိုငါး ဆေးထိုး သားဖောက်သင်တန်းများ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ငါးသယံဇာတ မပြုန်းတီးစေရေးအတွက် VMS စနစ် ဖြင့် ထိန်းကျောင်းခြင်း၊ ဥပဒေနှင့် အညီ အရေးယူဆောင်ရွက်ခြင်း၊ တရားမဝင် ငါးဖမ်းဆီးသူများကို ပညာပေးဆွေးနွေးခြင်းနှင့် အရေးယူ ဆောင်ရွက်ခြင်းတို့ကိုလည်း စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိသည်။


ထို့ပြင် ပြည်ပပို့ကုန် ပိုမိုတင်ပို့ ရောင်းချနိုင်ရေးနှင့် ရေနေသတ္တဝါများ ရှင်သန်ကြီးထွားရာ သန္တာကျောက်တန်း များ၊ ဒီရေတောများ၊ ရှားပါးသတ္တဝါ များဖြစ်သည့် လိပ်၊ လင်းပိုင်၊ ရေဝက်နှင့် ငါးမန်းများ မျိုးထိန်းသိမ်းရေးလုပ်ငန်း များကိုလည်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။       (မောင်ဘောဂ)






အခြားဆက်စပ်သတင်းများ