နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မဟာမဲခေါင်ဒေသခွဲ စီးပွားရေးကောင်စီ အွန်လိုင်းအစည်းအဝေး ကျင်းပ

ရန်ကုန်  နိုဝင်ဘာ  ၂၉


မဟာမဲခေါင်ဒေသခွဲ (Greater Mekong Subregion- GMS) စီးပွားရေးကောင်စီ အွန်လိုင်း အစည်းအဝေး "2nd 2021 Board of Directors' Meeting" ကို ယမန်နေ့တွင် ကျင်းပရာ ကုန်သည် စက်မှုအသင်းချုပ် ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ တွဲဖက်  အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ဝင်းစည်သူ၊ ဗဟို အလုပ်အမှုဆောင် ဦးတင့်ဆွေ တို့ တက်ရောက်ကြသည်။


မဲခေါင်ဒေသတွင်း နိုင်ငံများ ဖြစ်သည့် ကမ္ဘောဒီးယား၊ တရုတ် (ယူနန်ပြည်နယ်)၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ်နိုင်ငံများ အတွင်း ကုန်သွယ်မှုနှင့် ရင်းနှီး မြှုပ်နှံမှု မြှင့်တင်ရန် ရည်ရွယ်၍ ကျင်းပခဲ့ခြင်းဖြစ်ပြီး GMS- Business Council ဥက္ကဋ္ဌ Mr. Oudet Souvannavong က အဖွင့်အမှာစကား ပြောကြားပြီး အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း က GMS အဖွဲ့ဝင်နိုင်ငံများနှင့် ရှေ့ဆက်ပူးပေါင်းဆောင်ရွက် ရေးနှင့် ပတ်သက်၍ ဆွေးနွေး သည်။    အစည်းအဝေးတွင် ၂၀၂၀ပြည့်နှစ် အတွင်း တိုးတက်မှုအစီရင်ခံစာ၊ GMS-BC ၏ လှုပ်ရှားဆောင်ရွက်မှုများ၊ ဘဏ္ဍာရေးဆိုင်ရာ အစီရင်ခံစာ၊ GMS-BC Action Plan အကောင်အထည် ဖော်ဆောင်ရေး၊ GMS Business Forum အတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက်မှုများ၊ Greater Mekong Subregion Business Council ၏ ၁-၁-၂၀၂၁ မှ ၃၁-၁၀-၂၀၂၁ အတွင်း ဘဏ္ဍာရေးတင်ပြချက် စသည့်ကိစ္စရပ် များနှင့် စပ်လျဉ်း၍ ဆွေးနွေးကြသည်။ မဟာမဲခေါင်ဒေသခွဲ စီးပွားရေး ကောင်စီ (GMS-Business Council) ၏ 1st 2021 Board of Director's Meeting" ကို ၂၀၂၁ ခုနှစ် မတ် ၄ ရက် က ကျင်းပခဲ့သည်။            ကျော်ဆန်းမြင့်






အခြားဆက်စပ်သတင်းများ