နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးလုပ်ငန်း ကူညီဆောင်ရွက်ခဲ့ကြသူများကို ဂုဏ်ပြု

ရန်ကုန်  နိုဝင်ဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး၊ တာမွေ မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ၌ အဘက် ဘက်မှ ကူညီဆောင်ရွက်ပေးခဲ့ကြ သော မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ ဝန်ထမ်းများအား ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနရုံး ခန်းမ၌ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန် ချက်များနှင့်အညီ ကျင်းပသည်။


အခမ်းအနားတွင် ရန်ကုန်အရှေ့ပိုင်း ခရိုင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်း ကော်မတီ အဖွဲ့ဝင် ရန်ကုန်အရှေ့ပိုင်း ခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးသန်းအေးက အဖွင့်အမှာစကား ပြောကြားပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများ၌ ကူညီဆောင်ရွက်ပေးခဲ့ကြသော မြို့နယ် အဆင့် ဌာနဆိုင်ရာများ၊ ပရဟိတ အဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်း များကို ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ကာ (ပုံ) စေတနာ့ ဝန်ထမ်းတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။


အခမ်းအနားသို့ တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုအောင် နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ၊ ပရဟိတအဖွဲ့အစည်းများနှင့် စေတနာ့ဝန်ထမ်းများ တက်ရောက်ကြ သည်။           နိုင်လင်းအောင် (ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ