နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေး၊ တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်နှင့် တာဝန်ရှိသူများ ဈေးများစနစ်တကျရှိရေး၊ ရေစီးရေလာကောင်းမွန်ရေး ကြည့်ရှုစစ်ဆေး၊ အားကစားကဏ္ဍတိုးတက်ရေး အားပေး

ရန်ကုန်  နိုဝင်ဘာ  ၂၉


ရန်ကုန်တိုင်းဒေသကြီး စည်ပင် သာယာရေးဝန်ကြီး ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် တိုင်းဒေသကြီး ဥပဒေချုပ် ဦးဌေးအောင်တို့သည် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ဒုတိယ မြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီ ဝင်များနှင့် သက်ဆိုင်ရာ တာဝန်ရှိသူ များ လိုက်ပါလျက် ယနေ့ နံနက်ပိုင်းက မြောက်ဥက္ကလာပမြို့နယ်၊ သီရိရတနာ (ဌ)ဈေးနှင့် ပျံကျဈေး ရောင်းဝယ် ဖောက်ကားနေမှုနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး Mask များ ဖြန့်ဝေမှု၊ ဘုမ္မာ ၁၇ လမ်း သက်လုံလူငယ် အားကစားကွင်း ပြန်လည်ပြုပြင် ဆောင်ရွက်နိုင်ရေး၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် ဘဲတန်းချောင်း ပြန်လည်ဖောက်လုပ်နေမှု၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် လဂွန်းပြင်ရေပေး ဝေရေးစီမံကိန်း ရေဖြန့်ဖြူးပေးဝေနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ အမှတ် ၇ လမ်း ခင်းကျင်းနေမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး တောင်ဥက္ကလာပမြို့နယ် ပဒေသာ အားကစားကွင်း၌ စခန်းသွင်း လေ့ကျင့်နေသည့် တိုင်းဒေသကြီး ကိုယ်စားပြု အမျိုးသမီးဘောလုံး အသင်းကို လိုအပ်သည်များဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ရှေးဦးစွာ မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့သည် နံနက် ၇ နာရီတွင် မြောက်ဥက္ကလာပမြို့နယ်၊ ဝေဘာဂီ လမ်း၊ (ဌ) ရပ်ကွက် သီရိရတနာ(ဌ)ဈေး သို့ သွားရောက်၍ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနေမှုနှင့် ခေမာ ၁ လမ်း ပျံကျဈေး   ကုန်စိမ်း၊    ကုန်ခြောက်နှင့်

အသား၊ ငါးများ ရောင်းဝယ် ဖောက်ကားနေမှုတို့ကို ကြည့်ရှုစစ်ဆေး ပြီး ဈေးရောင်း/ဈေးဝယ်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ် ရေး လမ်းညွှန်ချက်နှင့်အညီ ရောင်း/ ဝယ်မှုများ ပြုလုပ်စေရေး အသိပေး    နှိုးဆော်ခြင်း၊ နှာခေါင်းစည်း Mask များ ပေးဝေခြင်း၊ ပျံကျဈေး၌ အသား၊ ငါးများကို လတ်ဆတ်စွာ ရောင်းချ နိုင်ရေး၊ ဈေးသန့်ရှင်းသာယာသပ်ရပ် ရေး ဆောင်ရွက်ရန် မှာကြားသည်။


ထိုမှတစ်ဆင့် မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့သည် တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန နှင့်မြောက်ဥက္ကလာပမြို့နယ် အားကစား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီတို့ ပူးပေါင်းဖွင့်လှစ်သော မြောက်ဥက္က လာပမြို့နယ်၊ (ည) ရပ်ကွက်၊ ဘုမ္မာ ၁၇ လမ်း သက်လုံလူငယ်အားကစားကွင်း သို့ သွားရောက်၍ ဘောလုံးကစားသမား များ လေ့ကျင့်နေမှုတို့ကို ကြည့်ရှုပြီး လေ့ကျင့်ရေးဘောလုံးများ ပေးအပ် လှူဒါန်း၍ ဘောလုံးကွင်းကို ပြန်လည် ပြုပြင်ဆောင်ရွက်ပေးရန် မှာကြား သည်။


ဆက်လက်၍ မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့သည် ဒဂုံမြို့သစ် (မြောက်ပိုင်း)မြို့နယ် အပြည်ပြည်ဆိုင်ရာ သေနတ်ပစ်ကွင်းနှင့် ရေကူးကန်သို့ သွားရောက်၍ အင်ဂျင်နီယာဌာန (ရေစီးရေလာစီမံခန့်ခွဲမှု)မှ Excavator ယန္တရားယာဉ်များဖြင့် ကောက်ကွေ့ သည့် ဘဲတန်းချောင်းအပိုင်း အရှည် ၃,၈၉၁ ပေကို တဖြောင့်တည်း အရှည် ၃,၃၀၂ ပေရရှိအောင် ပြန်လည် တူးဖော် ဖောက်လုပ်ခြင်းဖြင့် ချောင်း ကို ရေတိုက်စားမှု သက်သာ၍ ရေစီး ရေလာကောင်းမွန်စေပြီး ပတ်ဝန်းကျင် ရပ်ကွက်များကို ရေကြီးရေလျှံမှုမှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။


ထို့နောက် မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့သည် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ အမှတ် ၂ လမ်းနှင့် မြို့ပတ်လမ်းထောင့် မစိုချောင်းဘေး လဂွန်းပြင် ရေပေး ဝေရေးစီမံကိန်း လုပ်ငန်းခွင်သို့ သွားရောက်၍ SCADA Control Room အတွင်း Kubota Co., မှ တာဝန်ရှိ သူက SCADA (Supervisory Control And Data Acquisition) Network ကို Monitoring ဆောင်ရွက်နေမှု၊ ဇုန် ၇ နှင့် ၈ အတွင်း ရေရောက်ရှိမှု၊ ရေပေး ဝေမှု၊ Breakdown ဖြစ်ပေါ်မှု စသည့် သတင်းအချက်အလက်များကို အချိန် နှင့်တစ်ပြေးညီ သိရှိနိုင်ရန် ဆောင်ရွက် ထားမှုများကို ရှင်းလင်းတင်ပြရာ မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့က လိုအပ် သည်များ မှာကြားသည်။


ယင်းနောက် စီမံကိန်းရှင်းလင်း ဆောင်တွင် အင်ဂျင်နီယာဌာန (ရေနှင့် သန့်ရှင်းမှု)မှ ဌာနမှူး ဦးမြင့်ဇော်သန်း က လဂွန်းပြင်ရေပေးဝေရေးလုပ်ငန်း များကို ရှင်းလင်းတင်ပြရာတွင် လဂွန်း ပြင် ရေသန့်စင်စက်ရုံကို ၂၀၂၀ ပြည့်နှစ် မတ်လတွင် ပြီးစီးခဲ့ရာ ရေပေးဝေရေး ဇုန် ၈ ရေစုကန်နှင့် ရေတွန်းစက်များ ဆောင်ရွက်နေဆဲ ကာလမှာပင် ယုဇန ဥယျာဉ်မြို့တော်နှင့် သာကေတမြို့နယ် များသို့ တိုက်ရိုက်ပေးဝေခဲ့ကြောင်း၊ ရေပေးဝေရေးစီမံကိန်း တစ်ခုလုံးမှာ ၂၀၂၂ ခုနှစ်၊ မတ်လကုန်တွင် ပြီးစီးမည် ဖြစ်ရာ ဒဂုံမြို့သစ် လေးမြို့နယ်၊ ယုဇန ဥယျာဉ်မြို့တော်၊ သာကေတ၊ ဒေါပုံနှင့် သီလဝါစီးပွားရေး စက်မှုဇုန်များကိုပါ ရေပေးဝေနိုင်မည်ဖြစ်ကြောင်း ရှင်းလင်း တင်ပြသည်။


ဆက်လက်၍ မြို့တော်ဝန်နှင့် ဥပဒေချုပ်တို့သည် အင်ဂျင်နီယာ ဌာန (လမ်းနှင့်တံတား)မှ ဆောင်ရွက် လျက်ရှိသော ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ်၊ အမှတ် ၇ လမ်းမကြီး မူလ ၂၂ ပေအကျယ်လမ်းကို ၄၈ ပေအကျယ် လေးလမ်းသွားရရှိအောင် အရှည် ၁၁,၁၃၇ ပေ လမ်းပိုင်းတွင် အကျယ် ၁၆ ပေ ကွန်ကရစ်ခင်းကျင်းဆောင်ရွက်နေ မှုတို့ကို ကြည့်ရှုစစ်ဆေးပြီး လိုအပ် သည်များ မှာကြားဖြည့်ဆည်း ဆောင် ရွက်ပေးသည်။


ထို့နောက် မြို့တော်ဝန်နှင့်  ဥပဒေချုပ်တို့သည် တောင်ဥက္ကလာပ မြို့နယ် ပဒေသာ အားကစားကွင်းသို့ သွားရောက်၍ အသက် ၂၅ နှစ်အောက် စခန်းသွင်း လေ့ကျင့်နေသည့် တိုင်း ဒေသကြီး ကိုယ်စားပြု အမျိုးသမီး ဘောလုံးအသင်းကို အားပေးစကား ပြောကြားပြီး အလှူငွေကျပ် ငါးသိန်း နှင့် လေ့ကျင့်ရေးနှင့် ပြိုင်ပွဲသုံးဘောလုံး များကို မြို့တော်ဝန်နှင့် တိုင်းဥပဒေချုပ် တို့ကလည်းကောင်း၊ အားကစားသမား များအတွက် တိုင်းဒေသကြီး အမျိုးသမီး အားကစားအဖွဲ့ချုပ်မှ တာဝန်ရှိသူတစ်ဦး က ကစားသမားတစ်ဦးလျှင် ကျပ် နှစ် သောင်းနှုန်း ပေးအပ်လှူဒါန်း၍ ရန်ကုန် မြို့တော်စည်ပင်သာယာရေးကော်မတီ မှ ဝန်ထမ်းများကစားနိုင်စေရန်အတွက် တိုင်းဒေသကြီးဥပဒေချုပ်က ဖူဆယ် ဘောလုံးများကို ရန်ကုန်မြို့တော်ဝန် ထံသို့ ပေးအပ်လှူဒါန်းသည်။

သတင်း-သွင်မောင်မောင်၊ ဓာတ်ပုံ-မိုး






အခြားဆက်စပ်သတင်းများ