နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကျွန်းလှမြို့မရဲစခန်းတွင် အချုပ်ခံနေရသူများ ဥပဒေဆိုင်ရာအခွင့်ရေးများရရှိရေးကွင်းဆင်းစစ်ဆေး

ကျွန်းလှ    နိုဝင်ဘာ     ၂၉


စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့မရဲစခန်း တွင် အချုပ်ခံနေရသူများ ဥပဒေဆိုင်ရာအခွင့်အရေးများရရှိရေး အတွက် နိုဝင်ဘာ ၂၇ ရက်၊ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေး သည်။


ထိုသို့ စစ်ဆေးရာတွင် ကန့်ဘလူခရိုင် တရားသူကြီး ဒေါ်ဆွေ ဆွေအေး၊ ကျွန်းလှမြို့နယ် တရားသူကြီးဒေါ်အေးယုမွန်နှင့် တာဝန် ရှိသူများသည် အချုပ်သားများ ဥပဒေဆိုင်ရာအခွင့်အရေးများရရှိ ခြင်း ရှိ၊ မရှိ၊ နေထိုင်စားသောက်ရာတွင် သင့်တင့်မျှတမှု ရှိ၊ မရှိ၊ ကျန်းမာရေးစောင့်ရှောက်ခံယူမှု ရှိ၊ မရှိ အမျိုးသမီးအချုပ်သားများအား ရဲမေအစောင့်ထားရှိခြင်းရှိ၊ မရှိတို့ကိုအချုပ်သားများအားတွေ့ဆုံ မေးမြန်းကြည့်ရှုစစ်ဆေးသည်။


ယင်းနောက် ခရိုင်တရားသူကြီးနှင့် တာဝန်ရှိသူများက မြို့ရဲတပ် ဖွဲ့မှူးယာယီရဲမှူးလှဌေး၊ မြို့မရဲစခန်းမှူးဒုတိယရဲမှူးနိုင်သိန်းတို့အားအချုပ်သားများ၏ လိုအပ်ချက်များဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေးဆွေးနွေးမှာကြားကြောင်း သိရသည်။          မျိုးဝင်းညို(ကျွန်းလှ)






အခြားဆက်စပ်သတင်းများ