နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
သက်တော်ရှည်ဆရာတော်ကြီးများ ပူဇော်ရန်ရာသက်ပန်ငွေပဒေသာပင်လှူဒါန်း

မန္တလေး    နိုဝင်ဘာ     ၂၉


မန္တလေး၊ ချမ်းအေးသာစံမြို့နယ် ၃၂ လမ်းရှိ မလွန်ဈေးဆန်လှူ အသင်းသည် ၁၃၈၁ ခုနှစ် ၁၂၃ ကြိမ်မြောက်မှ စတင်ပြီး စစ်ကိုင်း၊ မင်းဝံတောင်တန်း၊ မင်းကွန်းတောင်ရိုးကြီး(၃)ရပ်နှင့်မန္တလေးခရိုင် (၇)မြို့နယ်ရှိအသက် ၈၀ ၊ ဝါတော် ၆၀ အထက် သက်တော်ရှည် ဆရာတော်ကြီးများအား နှစ်စဉ်မပျက်ပူဇော်ပွဲကျင်းပပြုလုပ်ခဲ့သည်။


သက်တော်ရှည်ဆရာတော်ကြီးများ ပူဇော်ပွဲကျင်းပနိုင်ရန် စေတနာရှင်များ က ရာသက်ပန်ငွေပဒေသာပင်များ လှူဒါန်းလျက်ရှိရာ နိုဝင်ဘာ၂၇ ရက်က ချမ်းအေးသာစံမြို့နယ် ၆၈ လမ်းနေ မိခင်ကြီး ဒေါ်မြင့်မြင့်ဦးအား အမှူးထား၍ ဦးကျော်ဆန်းဦး+ဒေါ်သန္တာထွန်း မိသားစုကငွေကျပ် ၆ သိန်း၊ ဆွမ်းဆန်တော်အတွက် ငွေကျပ် ၅ သိန်း စုစုပေါင် ၁၁ သိန်း လာရောက်လှူဒါန်းရာ အသင်းဥက္ကဋ္ဌနှင့်အမှုဆောင် များကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်သည်။

မောင်ပြည်သူ(မန္တလေး)






အခြားဆက်စပ်သတင်းများ