နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တန့်ဆည်မြို့တွင်လက်လုပ်မိုင်း တစ်လုံးပေါက်ကွဲ အကြမ်းဖက်အမျိုးသားတစ်ဦးသေ လုံခြုံရေးတပ်ဖွဲ့ဝင်နှစ်ဦး ဒဏ်ရာရ

တန့်ဆည်၊ နိုဝင်ဘာ ၂၉


စစ်ကိုင်းတိုင်းဒေသကြီး၊ တန့်ဆည် မြို့အတွင်း လုံခြုံရေးဆောင်ရွက်နေ သော တပ်ဖွဲ့ဝင်များသည် မေတ္တာမြိုင် ရပ်ကွက်၌    လိုအပ်သောလုံခြုံရေး လုပ်ငန်းများ စစ်ဆေးဆောင်ရွက်စဉ် နိုဝင်ဘာ ၂၆ ရက်၊  နံနက် ၈ နာရီခန့်တွင် ကံထူးမကျေးရွာဘက်မှ တန့်ဆည်မြို့ ဘက်သို့ အမျိုးသားတစ်ဦးမောင်းနှင် လာသော မော်တော်ဆိုင်ကယ်အား ရပ် တန့်စစ်ဆေးခဲ့ရာ အဆိုပါ အမျိုးသား လွယ်ထားသည့် ကျောပိုးအိတ်အတွင်း မှ လက်လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှု ကြောင့် ယင်းအမျိုးသားမှာ မိုင်းစထိမှန် ဒဏ်ရာများဖြင့် သေဆုံးသွားပြီးအနီးရှိ လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ ဝင်နှစ်ဦးတို့တွင်လည်း  မိုင်းစထိမှန် ဒဏ်ရာရရှိသည်။                             ဆွေဦး






အခြားဆက်စပ်သတင်းများ