ရေး၊ နိုဝင်ဘာ ၂၉
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ဝဲရတ် ကျေးရွာဘုန်းတော်ကြီးကျောင်းတွင် နိုဝင်ဘာ ၂၇ ရက်၊ ညနေ ၅ နာရီကျော် က ကျောင်းဆောင်ရှိ ဆိုလာပြားအပူ လွန်ကဲရာမှ မီးလောင်ကျွမ်းရာ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုကိုဦး၊ မြို့နယ်ရဲ တပ်ဖွဲ့မှူး ရဲမှူးသိန်းဇော်နှင့် တာဝန်ရှိ သူများ၊ ပြည်သူများက မီးသတ်ယာဉ်နှစ် စီး၊ ရေသယ်ယာဉ်နှစ်စီးတို့ဖြင့် ငြှိမ်း သတ်ရာ ည ၇ နာရီခန့်တွင် မီးငြိမ်းသွား သည်။
မီးလောင်ကျွမ်းမှုကြောင့် ပေ ၆၀ ပေ၊ ပေ ၄၀ နှစ်ထပ်ဆောင်တစ်ဆောင် တန်ဖိုးကျပ် ၁၈ သိန်းခန့် ပျက်စီးဆုံးရှုံး ပြီး လူနှင့်တိရစ္ဆာန်များ ထိခိုက်မှုမရှိ ကြောင်း သိရသည်။
ခင်သိမ့်သိမ့်ရည်(မြို့နယ်၊ ပြန်/ဆက်)