နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်အိုမီခရွန်မျိုးကွဲကြောင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အစည်းအဝေးဆိုင်းငံ့

ဂျနီဗာ၊ နိုဝင်ဘာ ၂၉


တောင်အာဖရိကတွင် စတင်တွေ့ ရှိရသည့် အိုမီခရွန်ဗိုင်းရပ်စ်မျိုးကွဲကြောင့် ဆွစ်ဇာလန်နိုင်ငံက ခရီးသွားကန့်သတ် ချက်များ တင်းကျပ်လိုက်ရာ ဂျနီဗာတွင် ကျင်းပရန် စီစဉ်ထားသော လူကိုယ်တိုင် တွေ့မည့် အစည်းအဝေးကို ရွှေ့ဆိုင်းရန် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO)က ဆုံးဖြတ်လိုက်သည်။  


ယခုတွေ့ရှိသည် မျိုးကွဲသစ်သည် ကမ္ဘာ့တိုက်ကြီးအားလုံးတွင် ကူးစက်မှု လှိုင်းသစ်များကို အကြိမ်ကြိမ်ဖြစ်စေ သည့် ဒယ်လ်တာမျိုးကွဲထက်ပင် ပိုမို အန္တရာယ်ကြီးမားကြောင်း သိရသည်။ 


ထိုဝန်ကြီးအဆင့် အစည်းအဝေးကို အခြေအနေခွင့်ပြုသည်နှင့် အမြန်ဆုံး ကျင်းပသွားမည်ဖြစ်ကြောင်း အထွေထွေ ကောင်စီ ဥက္ကဋ္ဌ ဒါစီယိုကက်စ်တီလို က ကြေညာချက်တစ်စောင်တွင် ဖော် ပြထားသည်။ 


ကမ္ဘာ့ကျန်းမာရေးအဖွဲ့အပါအဝင် ဆေးဝါးကျွမ်းကျင်သူများက ထိုမျိုးကွဲ သစ်ကို အသေးစိတ် မလေ့လာမီ အလွန် အကျွံမတုံ့ပြန်မိစေရန် သတိပေးထား သော်လည်း ကမ္ဘာတစ်ဝန်း လူ ၅ သန်း သေဆုံးစေသော ထိုကပ်ရောဂါ၏ ပြင်းထန်မှုကြောင့် တစ်ကမ္ဘာလုံး စိုးရိမ် နေလျက်ရှိသည်။ 

ရဲခေါင် (Ref:Reuters)






အခြားဆက်စပ်သတင်းများ