နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မောင်တောမြို့နယ်၌ ငွေကျပ် ၁၄ ဒသမ ၂ ဘီလီယံ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

မောင်တော မေ ၃၁


မေ ၃၀ ရက် မွန်းလွဲ ၁ နာရီအချိန်တွင် မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မောင်တောမြို့နယ်၊ မြို့မကညင်တန်း(အလယ်)ကျေးရွာနေ ဂျူဟာရ်ဟူဆိန်း(၆၅)နှစ်နှင့် သမီးဖြစ်သူ မရေခါယာဒ်ဖာတေမာ(၂၅)နှစ်တို့ (၂)ဦးနှင့်အတူ နေအိမ် မီးဖိုချောင်ရှိ မြေအောက်ခန်းအတွင်းမှ တန်ဖိုးငွေကျပ် ၁၄၁,၈၁၄ သိန်း တန်ဖိုးရှိ WY စာတန်းပါ စိတ်ကြွ ရူးသွပ်ဆေးပြား ၇,၀၉၀,၇၀၀ ပြား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။


 ဖြစ်စဉ်မှာ ၂၀၁၉ ခုနှစ်၊ မတ်လ ၂ ရက်၊ ညနေ ၅ နာရီအချိန် မောင်တောမြို့နယ်၊ ဝေသာလီ ကျေးရွာရှိ အငူမော်လမ်းမဘေး၊  ကားဝပ်ရှော့အနီးတွင် မြင့်စိုး(၃၁)နှစ်နှင့်အတူ xxxx HINO အမျိုး အစား မော်တော်ယာဉ်ပေါ်မှ စိတ်ကြွရူးသွပ်ဆေးပြား ၈,၇၇၅,၀၀၀ ပြား ဖမ်းဆီးရမိသဖြင့် ပြင်ဖြူ နယ်မြေရဲစခန်း၊ မယ(ပ) ၉/၂၀၁၉၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အရေးယူထားရှိပြီး ကွင်းဆက်တရားခံပြေး နော်ဘီမုလ်ဂျူဟာရ် (ခ) ဇော်ဝင်းအား စုံစမ်းဖော်ထုတ်အတည်ပြုချက်အရ မောင်တောမြို့နယ်၊ မြို့မကညင်တန်း(အလယ်) ကျေးရွာရှိ နော်ဘီမုလ်ဂျူဟာရ် (ခ)ဇော်ဝင်း၏နေအိမ်အား စစ်ဆေးရှာဖွေရာ အဆိုပါနေအိမ်တွင် တရားပြေး၏ဖခင်ဖြစ်သူ ဂျူဟာရ်ဟူဆိန်းနှင့် တရားခံပြေး၏ ဇနီးဖြစ်သူ မရေခါယာဒ်ဖာတေမာတို့ ၂ ဦး အားတွေ့ရှိပြီး အဆိုပါနေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၇,၀၉၀,၇၀၀ ပြား (တန်ဖိုး ငွေကျပ် ၁၄.၂ ဘီလီယံ)နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် မောင်တောမြို့မရဲစခန်း၊ မယ(ပ)၂၂/၂၀၂၀၊ မူး/စိတ်ပုဒ်မ ၁၉(က) /၂၁ ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။  


ဆွေဦး






အခြားဆက်စပ်သတင်းများ