နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရီးသွားထိန်းချုပ်မှု ရုပ်သိမ်းပါက ကိုဗစ်ကူးစက်မှု ကြီးမားစွာဖြစ်မည်ဟု တရုတ်သတိပေး

ပေကျင်း၊ နိုဝင်ဘာ ၂၉


ခရီးသွားလာမှု ထိန်းချုပ်ထားခြင်း ကို ရုပ်သိမ်းပြီး တင်းကျပ်သောမူများကို ပစ်ပယ်လိုက်ပါက တရုတ်နိုင်ငံသည် တစ်နေ့လျှင် ကူးစက်မှုသစ် ၆၃၀၀၀၀ အထိရင်ဆိုင်ရနိုင်ကြောင်း ပေကျင်း တက္ကသိုလ်မှ သင်္ချာပညာရှင်များ၏ လေ့ လာမှုအရ သိရသည်။ 


တရုတ်နိုင်ငံ ရောဂါထိန်းချုပ်တား ဆီးရေးဌာနမှ ထုတ်ဝေသည့် China CDC Weekly တွင် ပါဝင်သည့် အစီရင် ခံစာအရ   တရုတ်နိုင်ငံသည်  ပိုမို ထိရောက်သည့် ကာကွယ်ရေးအစီအစဉ် များ သို့မဟုတ် ကုသမှုများမရှိဘဲ ခရီး သွားလာမှု ကန့်သတ်ချက်များကို မရုပ် သိမ်းနိုင်ကြောင်း ပညာရှင်များကဖော်ပြ ထားသည်။ 


အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်၊ စပိန်၊ ပြင်သစ်နှင့် အစ္စရေးနိုင်ငံများမှ အချက်အလက်များကို အခြေခံပြီး သင်္ချာ ပညာရှင်များက တရုတ်နိုင်ငံအနေဖြင့် ယင်းနိုင်ငံများအတိုင်းလုပ်လျှင်  ဖြစ်နိုင် ခြေကို  လေ့လာခြင်းဖြစ်ကြောင်းသိရ သည်။ 


အမေရိကန်ပြည်ထောင်စုကဲ့သို့ သော နည်းလမ်းများသုံးပါက တရုတ် နိုင်ငံတွင် နေ့စဉ်ကူးစက်မှုသစ်  ၆၃၇၁၅၅ ရှိလာနိုင်ပြီး     ဗြိတိန်ကဲ့သို့လုပ်လျှင် နေ့စဉ်ကူးစက်မှုသစ် ၂၇၅၇၉၃ ရှိမည် ဖြစ်ကြောင်း  ထိုအစီရင်ခံစာတွင် ဖော်ပြ ထားသည်။

မျိုးဝင်း (Ref:Reuters)

\






အခြားဆက်စပ်သတင်းများ