နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အသံထက် ၅ ဆ မြန်သည့် ဇာကွန်ဟိုက်ပါဒုံးကျည်ရုရှားက အလုံးအရင်းထုတ်လုပ်နေ

မော်စကို၊  နိုဝင်ဘာ ၂၉


ဇာကွန်ဒုံးကျည်များမှာ စမ်းသပ်မှု များ ဆက်လက်လုပ်ဆောင်နေဆဲအဆင့် ဖြစ်သော်လည်း အဆိုပါ ဒုံးကျည်များကို ရုရှားအနေဖြင့် အလုံးအရင်းထုတ်လုပ် နေကြောင်း TASS သတင်းဌာနက နိုဝင်ဘာ ၂၉ ရက်တွင် ရေးသားဖော်ပြ သည်။ 


ဇာကွန် ဟိုက်ပါဆိုးနစ် ဒုံးကျည်များ ကို ရေအောက်တွင် စမ်းသပ်ပစ်ခတ်မှု နှစ်ကြိမ်   အောင်မြင်စွာပြုလုပ်ခဲ့ပြီး နောက်     အဆင့်မြှင့်တင်ထားသည့် နျူကလီးယားဓာတ်အားသုံး ရေငုပ် သင်္ဘော Perm ကိုလည်း ၂၀၂၄ ခုနှစ်တွင် ပြန်လည်စတင်မည်ဖြစ်ကြောင်း သိရ သည်။ 


ဇာကွန်ဒုံးကျည်သည် အသံထက် ၅ ဆမြန်သည့် ဘက်စုံသုံးဒုံးကျည်ဖြစ်ပြီး ရေပြင်နှင့်မြေပြင်မှ ပစ်မှတ်များကိုပစ် ခတ်နိုင်ရန် ပြုလုပ်ထားခြင်း ဖြစ်သည်။ 


ရုရှားနိုင်ငံသည် ယင်းတို့၏ ရေငုပ် သင်္ဘောများနှင့် သင်္ဘောများကို ဇာကွန် ဟိုက်ပါဆိုးနစ် ဒုံးကျည်များတပ်ဆင်ရန် ရည်ရွယ်ထားကာ ထိုသင်္ဘောများသည် ရုရှားရေတပ်၏  စွမ်းရည်ကို အကြီး အကျယ် မြှင့်တင်ပေးနိုင်မည်ဖြစ် ကြောင်း ပြောကြားထားသည်။

ရဲခေါင် (Ref: BBC)






အခြားဆက်စပ်သတင်းများ