နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိက ၈ နိုင်ငံ ခရီးသွားများကို ပြည်ဝင်ခွင့်ပိတ်ပင်ကြောင်း ထိုင်းအစိုးရ ထုတ်ပြန်ကြေညာ

ဘန်ကောက်၊  နိုဝင်ဘာ ၂၉


ကိုဗစ်-၁၉ ဗီဇမျိုးကွဲသစ် Omicron ပျံ့နှံ့ကူးစက်မှု   ကာကွယ်တားဆီးရန် အတွက် ခရီးသည်ဝင်ခွင့် ပိတ်ပင်သည့် နိုင်ငံများတွင် ထိုင်းနိုင်ငံလည်းပါဝင် လာပြီး အာဖရိက ၈ နိုင်ငံ ခရီးသွားများ ကို    ပြည်ဝင်ခွင့်ပိတ်ပင်လိုက်ပြီဖြစ် ကြောင်း  ထိုင်းအစိုးရက  ထုတ်ပြန် ကြေညာလိုက်သည်။ 


ဘော့ဆွာနာ၊ Eswatini၊ လီဆိုသို၊ မာလာဝီ၊ မိုဇမ်ဘစ်၊ နမီးဘီးယား၊ တောင် အာဖရိကနှင့် ဇင်ဘာဘွေနိုင်ငံများမှ ခရီးသွားများကို ဒီဇင်ဘာလကစပြီး ထိုင်း နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပိတ်ပင် လိုက်ပြီဖြစ်ကြောင်း   ထိုင်းကျန်းမာရေး ဌာနက နိုဝင်ဘာ ၂၈ ရက်တွင် အတည် ပြုလိုက်သည်။ 


အလားတူ သြစတြေးလျနိုင်ငံက လည်း တောင်အာဖရိကရှိ သြစတြေးလျ နိုင်ငံသားမဟုတ်သူများကို နိုင်ငံတွင်း ဝင်ရောက်ခွင့် ပိတ်ပင်မည်ဖြစ်ကြောင်း ကြေညာထားသည်။


အဆိုပါ တောင်အာဖရိကနိုင်ငံများ က ပြန်လာသည့် သြစတြေးလျနိုင်ငံသား များနှင့်    မိသားစုဝင်များအနေဖြင့် ကျန်းမာရေးတာဝန်ရှိသူများ၏ စောင့် ကြည့်မှုကို ၁၄ ရက်ကြာ ခံယူရမည်ဖြစ် သည်။ တစ်ချိန်တည်းမှာပင် ကာတာလေ ကြောင်းလိုင်းကလည်း    တောင်အာ ဖရိက၊ ဇင်ဘာဘွေနှင့် မိုဇမ်ဘစ်နိုင်ငံ များမှ ခရီးသည်များကို ပိတ်ပင်ကန့် သတ် လိုက်ကြောင်း    ထုတ်ပြန်ကြေညာ ခဲ့သည်။                  ရဲခေါင် (Ref:AFP)






အခြားဆက်စပ်သတင်းများ