နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း လက်နက်ကိုင်ဆောင်သူများ ဖမ်းဆီးအရေးယူ

ရန်ကုန် မေ ၃၁


ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏အသက်အိုးအိမ် စည်းစိမ်ကိုထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက်ဖမ်းဆီး အရေးယူ ဆောင်ရွက်ခဲ့ရာ  မေ ၃၀ ရက်၊ နံနက် ၂ နာရီအချိန်တွင် ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၁၅)ရပ်ကွက်၊ မိုးကောင်း လမ်းမပေါ်၌ ဇော်လင်းထွန်းထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် နံနက် ၃ နာရီအချိန်တွင် အလယ်ကျေးရွာ၊ အနော်ရထာလမ်းမကြီးပေါ်၌ လူအေးထံမှ အရိုးအသွား(၁၁)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်း၊ ညနေ ၅ နာရီအချိန်တွင် (၂၀)ရပ်ကွက်၊ ရွှေမင်းဝံလမ်းမပေါ်၌ ဓါးကိုင်သောင်းကျန်းနေသော တင်မောင်ထွေး ထံမှ အရိုးအသွား (၁၅)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် (၁၃)ရပ်ကွက်၊ ဗိုလ်လရောင်လမ်းမပေါ်၌ ဇင်ကိုထံမှ အရိုးအသွား(၁၇)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၃၀ ရက်၊  နံနက် ၄ နာရီခွဲအချိန်တွင် (၂၃)ရပ်ကွက်၊ မေယုလမ်းပေါ်၌ ထွန်းထွန်းဝင်းထံမှ အရိုးအသွား(၁၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ တိုက်ကြီးမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် ဇော်ဝင်းထံမှ အရိုးအသွား(၉)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းနှင့် မွန်းတည့် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် ဝင်းနိုင်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊

မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် မေ ၃၀ ရက်၊ ညနေ ၆ နာရီ ၄၀ မိနစ်အချိန်တွင် ပေါက်ကုန်းရပ်ကွက်၊ အပိုင်(၁၂)၊ ဂျိုးဖြူလမ်းမ ပေါ်၌ ဇော်မြင့်ဝေ ထံမှ အရိုးအသွား(၁၂)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ တာမွေမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၀ နာရီ ၄၀ မိနစ် အချိန်တွင် နတ်ချောင်းရပ်ကွက်၊ မေတ္တာရိပ်မွန်အိမ်ယာ ဖြတ်လမ်း၌ မူးယစ်သောင်းကျန်းနေသော လွင်ကိုဦး ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီအချိန်တွင် ဆန်းဦးထံမှ အရိုးအသွား(၉)လက်မခန့်ရှိ ထိပ်ဦးချွန်ဓား တစ်ချောင်းကိုလည်းကောင်း၊ ဗဟန်းမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၁၁ နာရီ ၅၀ မိနစ်အချိန်တွင် သိုက်အောင် ထံမှ အရိုးအသွား(၆)လက်မခန့်ရှိ ထိပ်ဦးချွန်ဓါးတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရရှိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)အရ အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ