နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဖရိက ၈ နိုင်ငံမှ ခရီးသွားပြည်ဝင်ခွင့်များ အမေရိကန်က ကန့်သတ်မည်

ဝါရှင်တန်   နိုဝင်ဘာ  ၂၈


တောင်အာဖရိကနှင့် အခြားသော အာဖရိက နိုင်ငံ ၇ နိုင်ငံရှိ ခရီးသွားများကို လာမည့် နိုဝင်ဘာ ၂၉ ရက်မှစ၍ အမေရိကန်ပြည်ဝင်ခွင့် ကန့်သတ်မည်ဖြစ်ကြောင်း သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာလိုက်သည်။ 

လာမည့် နိုဝင်ဘာ၂၉ ရက်တွင် ကန့်သတ်ချက် အမိန့် အသက်ဝင်မည်ဖြစ်ပြီး အဆိုပါ ကန့်သတ် ချက်တွင် အမေရိကန်နိုင်ငံသားမဟုတ်သူများသာ အကျုံးဝင်ပြီး အမေရိကန်နိုင်ငံသားများနှင့် အမြဲတမ်းနေထိုင်ခွင့်ရထားသူများ အကျုံးမဝင် ကြောင်း ကြေညာချက်တွင် ထည့်သွင်းထားသည်။ 


ကူးစက်မြန်သည့် ကိုဗစ်မျိုးကွဲသစ်ကို တောင် အာဖရိကတွင်တွေ့ခဲ့ပြီး နောက်တစ်ရက် ဥရောပ နှင့် ကမ္ဘာ့နိုင်ငံတစ်ချို့တွင်လည်း ခရီးသွား ကန့်သတ်ချက်များလုပ်လာကြောင်း၊ သို့ရာတွင် အမေရိကန်နိုင်ငံသားများနှင့် နေထိုင်ခွင့်ရထားသူ များကမူ လေယာဉ်ပေါ်မတက်မီ ကိုဗစ်ရောဂါပိုး မရှိကြောင်း စစ်ဆေးချက်ရှိထားရမည်ဖြစ် ကြောင်း သိရသည်။ 


ကန့်သတ်လိုက်သည့် နိုင်ငံများတွင် တောင် အာဖရိက၊ ဘော့ဆွာနာ၊ ဇင်ဘာဘွေ၊ နမီးဘီးယား၊ လီဆိုသို၊ Eswatini၊ မိုဇမ်ဘစ်နှင့် မာလာဝီနိုင်ငံများ ပါဝင်ကြောင်း ထုတ်ပြန်ထားသည်။ WHO ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ကြီးကမူ ယခု မျိုးကွဲသစ်သည် စိုးရိမ်ရကြောင်းနှင့် အိုမီခရွန်ဟု နာမည်ပေး ကြောင်း ကြေညာခဲ့သည်။

ရဲခေါင်(ref:Reuters)






အခြားဆက်စပ်သတင်းများ