နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ ကူးစက်ခံရသူ အိန္ဒိယတွင် မြင့်တက်လာ

နယူးဒေလီ   နိုဝင်ဘာ  ၂၈


အိန္ဒိယတွင် ၂၄ နာရီအတွင်း ကိုဗစ်-၁၉ ကူးစက်ခံရသူအရေအတွက် ၈၃၁၄ ဦးထိ ရှိခဲ့ကြောင်း၊ အဆိုပါ ကူးစက်ခံရသူအရေအတွက် ကြောင့် နိုင်ငံတစ်ဝန်းကူးစက်ခံရသူအရေ အတွက်မှာ ၃၄,၅၆၃,၇၄၉ ဦးထိရှိလာကြောင်း ဖက်ဒရယ်ကျန်းမာရေးနှင့် လူမှုဝန်ထမ်းဝန်ကြီး ဌာနက ထုတ်ပြန်ချက်သည်။  


သေဆုံးသည့်အရေအတွက်မှာ ပြီးခဲ့သည့် ရက်က  ၄၆၅ ဦးထိရှိခဲ့ရာ  သေဆုံးသူ စုစုပေါင်း ၄၆၇,၉၃၃ ဦးထိရှိလာကြောင်း သိရသည်။ သို့ရာတွင် ကူးစက်ပြန့်နှံမှုမြင့်တက်ခဲ့သည့် အချိန်မှစကာ ပြန်လည်ကောင်းမွန်လာသူ အရေ အတွက်မှာ ၃၃ ဒသမ ၉၈ သန်းထိရှိလာနေပြီ ဖြစ်ကြောင်း သိရသည်။  


အိန္ဒိယတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၄၈ ဒသမ ၁၇ သန်းရှိသည့် အမေရိကန် နောက်တွင် ကမ္ဘာ့ဒုတိယကူးစက်ခံရသည့် နေရာတွင်ရှိနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကို ကပ်ရောဂါအဖြစ် ၂၀၂၀ခုနှစ် မတ်လ၁၁ ရက်တွင် ကမ္ဘာသို့ ကြေညာခဲ့သည်။  


ကမ္ဘာတစ်ဝန်းတွင် ကိုဗစ်-၁၉ ကူးစက်ခံရသူ ၂၆၀ ဒသမ ၆၄ သန်းကျော်ရှိနေကာ သေဆုံးသူ ပေါင်း ၅ ဒသမ ၁၈ သန်းထိရှိနေပြီဖြစ်ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်အချက်အလက်များ အရ သိရသည်။                

      မျိုးဝင်း (Ref: BBC)






အခြားဆက်စပ်သတင်းများ