နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တာမွေမြို့နယ် အထူးကုဆေးခန်းများနှင့် ဓာတ်ခွဲခန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်    နိုဝင်ဘာ  ၂၈


ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့၏ဦးဆောင်မှုဖြင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင် သာယာရေးကော်မတီက တာဝန်ရှိသူများ  ပါဝင်သောပူးပေါင်းအဖွဲ့သည် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အတွင်း ဖွင့်လှစ် ထားရှိသော အထူးကုဆေးခန်းများနှင့် ဓာတ်ခွဲခန်းများကို ကျန်းမာရေးဝန်ကြီး ဌာနတွင် တရားဝင်မှတ်ပုံတင်ထားခြင်း ရှိ/မရှိနှင့် တရားဝင်မှတ်ပုံတင်ထားပါ ကလည်း ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဖွင့်လှစ်ထားခြင်း ရှိ/မရှိ ကို ကွင်းဆင်း ကြည့်ရှုစစ်ဆေးကြသည်။


ထိုသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးစဉ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကိုးအောင်က မြို့နယ် အတွင်းရှိ အထူးကုဆေးခန်းများနှင့် ဓာတ်ခွဲခန်းများအနေဖြင့် လူတန်းစား မရွေး လာရောက်ပြသနိုင်ရေးအတွက် သင့်တင့် မျှတသော ဆေးကုသမှုစရိတ်များဖြင့် ကောင်းမွန်သော ကျန်းမာရေးဝန်ဆောင်မှု များပေးစေလိုကြောင်း၊ ကိုဗစ်-၁၉ ကာလ အတွင်း ဆေးကုသမှုများဆောင်ရွက် ပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်းညွှန်ချက်များနှင့် အညီ ဖွင့်လှစ်ကုသပေးစေလိုကြောင်း၊ လာရောက်ပြသသည့် ပြည်သူများကို ကိုဗစ်-၁၉ ရောဂါအသိပညာပေးလုပ်ငန်း များကို စဉ်ဆက်မပြတ်အရှိန်အဟုန်မြှင့် ဆောင်ရွက်ပေးခြင်းဖြင့် ကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများတွင် ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြစေလိုကြောင်း” မှာကြားပြီး မြို့နယ်အတွင်းရှိ အထူးကု ဆေးခန်းများနှင့် ဓာတ်ခွဲခန်းများကို ကွင်းဆင်းစစ်ဆေးကာ လိုအပ်သည်များကို ပူးပေါင်းညှိနှိုင်းဆောင်ရွက်ပေးသည်။


 နိုင်လင်းအောင်(ပြန်/ဆက်)






အခြားဆက်စပ်သတင်းများ