နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အထက်တန်းကျောင်းခွဲရှေ့ လက်လုပ်ရီမုမိုင်းတစ်လုံး ပေါက်ကွဲ

ရန်ကုန်၊ နိုဝင်ဘာ ၂၇


ကချင်ပြည် နယ်၊ ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မှော်စီစာကျေးရွာ မြို့မရပ်ကွက်    အခြေခံပညာအထက် တန်းကျောင်းမှ       ကျောင်းခွဲသို့ ကျောင်းအုပ်ဆရာမကြီး ဒေါ်နွယ်နွယ် ဦးစီး၍   ဆရာသုံးဦးနှင့် ဆရာမငါးဦး တို့သည်    လုံခြုံရေးတပ်ဖွဲ့ဝင်များ လိုက်ပါဆောင်ရွက်ကာ မော်တော်ယာဉ် နှစ်စီးဖြင့်   သွားရောက်ပြီး  မှော်စီစာ ကျေးရွာ  အခြေခံပညာအထက်တန်း ကျောင်းခွဲရှေ့သို့    ယမန်နေ့ နံနက် ၈ နာရီခွဲခန့်အရောက်တွင်    လမ်း၏ ညာဘက်ခြမ်းမှ KIA အဖွဲ့နှင့် PDF အမည်ခံ အကြမ်းဖက်အဖွဲ့များ ထောင် ထားသည့် လက်လုပ်ရီမုမိုင်းတစ်လုံး ပေါက်ကွဲပြီး ဆရာနှစ်ဦး၊ ဆရာမသုံးဦး၊ အနီးဝန်းကျင်ရှိ ကျောင်းသားတစ်ဦး၊ ကျောင်းသူတစ်ဦးနှင့် ကျောင်းသား မိဘ တစ်ဦးတို့  မိုင်းစထိမှန် ဒဏ်ရာများရရှိ သည်။


ဒဏ်ရာရရှိသူများအား  ဖားကန့် မြို့နယ်ပြည်သူ့ဆေးရုံသို့  ပို့ဆောင် ဆေးကုသမှုခံယူစေလျက်ရှိပြီး အခင်း ဖြစ်နေရာတစ်ဝိုက်လုံခြုံရေး တပ်ဖွဲ့ဝင် များက မိုင်းရှင်းလင်းရေးလုပ်ငန်း များ ဆက်လက်ဆောင်ရွက်လျက်ရှိသည်။

                                   ဆွေဦး






အခြားဆက်စပ်သတင်းများ