နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လောပိတမဟာဓာတ်အားလိုင်း တာဝါတိုင်ကြီးနှစ်ခု ဖျက်ဆီးခံရ

လွိုင်ကော်၊ နိုဝင်ဘာ ၂၆


ကယားပြည်နယ်၊ လောပိတ အမှတ် ၁ ဓာတ်အားပေးစက်ရုံမှ နေပြည်တော်၊ ရန်ကုန်၊ မန္တလေးအပါအဝင် မြို့နယ်များ သို့ ဓာတ်အားဖြန့်ဖြူးပေးနေသည့် မဟာဓာတ်အားလိုင်း တာဝါတိုင်ကြီး  နှစ်ခုကို အဖျက်အင်အားစုများက ဖျက် ဆီးထားကြောင်း နိုဝင်ဘာ ၂၅ ရက်၊ နံနက်ပိုင်းက စစ်ဆေးတွေ့ရှိရသည်ဆို ၏။


အဆိုပါ တာဝါတိုင်ကြီးမှာ လွိုင်ကော် မြို့နယ်   ဒေါလရှေးရွာနှင့်   ဆော်ခီးဒေါ ကျေးရွာအတွင်းရှိ    မဟာဓာတ်အားလိုင်း တာဝါတိုင်ကြီးနှစ်ခုဖြစ်သည်။


ယင်းဖြစ်ရပ်ကြောင့်   နိုဝင်ဘာ ၂၄ ရက် ည ၁၁ နာရီ ၂၈ မိနစ်တွင် bvc (လောပိတ)စက်ရုံများတွင် ဓာတ်အား ပြတ်တောက်ခဲ့ပြီး နိုဝင်ဘာ ၂၅ ရက် နံနက် ၅ နာရီ ၁၅ မိနစ်တွင် လွိုင်ကော် မြို့ကို ပြန်လည်၍ ဓာတ်အားပေးခဲ့ရာမှ နံနက် ၅ နာရီ ၂၅ မိနစ်တွင် ပြန်လည် ပြတ်တောက်သွားကြောင်း သိရသည်။

      

      (သတင်းထောက်-ပေါက်ကျိုင်း)






အခြားဆက်စပ်သတင်းများ