နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ခရိုင်စီမံအုပ်ချုပ်ရေးကောင်စီရုံးအတွင်း ပေါက်ကွဲမှုဖြစ်တချို့ဒဏ်ရာရ

မန္တလေး၊ နိုဝင်ဘာ ၂၆


မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ လမ်း၃၀x၆၈လမ်း၊ လမ်း ၇၀ ကြားရှိခရိုင် စီမံအုပ်ချုပ်ရေး ကောင်စီရုံးအနီး သန့်စင်ခန်း ရှေ့တွင် နိုဝင်ဘာ ၂၅ ရက် မွန်းလွဲပိုင်းက  ‌ပေါက်ကွဲမှုဖြစ်ပွားခဲ့ရာထိခိုက် ဒဏ်ရာရသူ တချို့ရှိသည်။


ပေါက်ကွဲမှု ဖြစ်စဉ်တွင် ခရိုင်ကောင်စီဝင် တစ်ဦးနှင့်ရှေ့နေ အမျိုးသမီးတစ်ဦး  ဒဏ်ရာ ရရှိပြီး ခရိုင်အထွေထွေအုပ်ချုပ်ရေးမှူးရုံး အဆောက်အဦနှင့် တိုင်းစာရင်းစစ်ချုပ်ရုံး ဝန်ထမ်းတစ်ဦး၏ ကားပျက်စီးမှု ရှိခဲ့သည်။ 

စီမံအုပ်ချုပ်ရေး ကောင်စီရုံးအတွင်း သန့်စင်ခန်း နားတွင်ရပ်ထားသောဆိုင်ကယ် တစ်စီးမှာ ပေါက်ကွဲခဲ့ကြောင်း၊ ရိမုမိုင်း (ချိန်ကိုက်မိုင်း)ဖြစ်နိုင်ကြောင်းပြော သည်။


မန္တလေးမြို့၊ ခရိုင်စီမံအုပ်ချုပ်ရေး ကောင်စီရုံးကို အောက်တိုဘာအတွင်း လက်လုပ်မိုင်းဖြင့် ပစ်ခတ်ခဲ့ရာ ပေါက်ကွဲခဲ့ ခြင်းမရှိဟု သိရသည်။             စစ်ငြိမ်းမာန်






အခြားဆက်စပ်သတင်းများ