နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမျိုးသားယဉ်ကျေးမှုမှသည်

လူသည် သတ္တလောကတွင် အရာရာကို မိမိလိုရာသို့ စေစားတတ် သောသတ္တဝါတစ်မျိုးဖြစ်သည်။ အခြားသော သတ္တဝါများထက် အသိဉာဏ်မြင့်မားကာ      ယဉ်ကျေးသောကြောင့်ဖြစ်သည်။ မြန်မာနိုင်ငံတွင် ရေ၊ မြေ၊ တော၊ တောင်  နေထိုင်မှုမတူညီသော တိုင်းရင်းသားလူမျိုးတစ်မျိုးစီ၏ ရိုးရာဓလေ့ထုံးစံ၊ ယဉ်ကျေးမှု စရိုက်ဓလေ့   အနည်းငယ်ခြားနားမှုရှိသော်လည်း အမျိုးသားရေး စိတ်ဓာတ်တွင် အတူတူပင်ဖြစ်သည်။


ယဉ်ကျေးမှုဟုဆိုလျှင် စား ဝတ် နေရေး အရေးသုံးပါးမှအစ စာပေ၊ ဘာသာစကား၊ အနုပညာစသည်တို့ အကျုံးဝင်သည်။ ယဉ်ကျေးမှုဟူသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ မတူညီနိုင်ပေ။ ရာသီ ဥတုအခြေအနေ၊ ပထဝီအနေအထား သမိုင်းအစဉ်အလာအရ ခြားနားသည့်သဘောရှိသည်။  နိုင်ငံတစ်နိုင်ငံ လူမျိုးတစ်မျိုး တည်တံ့ရေးသည်  ယဉ်ကျေးမှုဟူသော မဏ္ဍိုင်တွင်လည်း များစွာ တည်မှီသည်။


မြန်မာအဘိဓာန်အကျဉ်းချုပ်တွင်       'ယဉ်ကျေးမှု' ကို သိမ်မွေ့ပြေပြစ်သော အပြုအမူ၊ လူမှုအဆင့်အတန်းပြောင်းလဲ တိုးတက်လာသော တတ်သိလိမ္မာမှုဟု အဓိပ္ပါယ်ဖွင့်ဆိုထားသည်။ 


ရိုးရာ၊ ယဉ်ကျေးမှုတွင် ဘိုးဘွား၊ ဘီဘင်တို့လက်ထက်မှစ၍ ယနေ့တိုင် ဆက်ဆံကျင့်သုံးလာခဲ့သော ဓလေ့ထုံးစံများလည်း အကျုံးဝင်သည်။


ကျွန်ုပ်တို့မြန်မာလူမျိုးများတွင်      ထူးခြားမွန်မြတ်သော ရိုးရာယဉ်ကျေးမှု ဓလေ့ထုံးစံများစွာရှိသည်။ မြန်မာတို့သည် 'ယဉ်ကျေးကြသည်။  သိမ်မွေ့ကြသည်။  ဘာသာတရားကိုင်းရှိုင်း ကြသည်။ သူတစ်ပါးအပေါ်တွင် စေတနာထားသည်။ ကူညီတတ် ကြသည်။ အားနာတတ်သည်။ မြန်မာတို့သည် မေတ္တာ၊ စေတနာ ကြွယ်ဝချမ်းသာသူများဖြစ်ကြသည်။'  ယင်းသို့ ထူးခြားမှုများ ကြောင့်  ကမ္ဘာတွင် တင့်တယ်စွာရပ်တည်နေခြင်းဖြစ်သည်။


ယခုအခါ နိုင်ငံတော်အစိုးရ၏ အုပ်ချုပ်ရေးယန္တရားပျက်ပြား စေရေး၊    ပြည်သူလူထု   ထိတ်လန့်ကြောက်ရွံစေရေးအတွက်    NUG, CRPH, PDF တို့၏    အကြမ်းဖက်မှုများ    လုပ်ကြံ သတ်ဖြတ်မှုများ နေ့စဉ်ပေါ်ထွက်လာနေသည်။   အနန္တဂိုဏ်းဝင် ရဟန်းသံဃာများ၊ ဆရာ၊ ဆရာမ များအပါအဝင်  ပြည်သူ့ဝန်ထမ်း များနှင့် အပြစ်မဲ့ပြည်သူများကို  လုပ်ကြံသတ်ဖြတ်လာနေသည်ကို ပင်တွေ့ရသည်။


မြန်မာ့ယဉ်ကျေးမှုနယ်ပယ်ထဲသို့    ယင်းကဲ့သို့ဆိုးရွားသော    ယဉ်ကျေးမှုအတွေးအခေါ်စရိုက်များ      ဝင်ရောက်လာမှုသည် အနာဂတ်နိုင်ငံ၏အရေးတွင် မျက်နှာငယ်စရာရင်လေးဖွယ်ရာဖြစ် သည်။


မြန်မာလူမျိုးတို့အတွက်   ရှေးအစဉ်အလာကောင်းခဲ့သည့် ယဉ်ကျေးမှုမဏ္ဍိုင်ကြီး မပျောက်ပျက်စေရေးအတွက် အကြမ်းဖက် ဝါဒီများ၏ လုပ်ဆောင်ကြံစည်မှုများ  မထွန်းကားမပြန့်ပွား စေရန်  နိုင်ငံတော်နှင့်အတူ  ပြည်သူတစ်ရပ်လုံးကလည်း  ဝိုင်းဝန်း ကာကွယ်စောင့်ရှောက်ကြရန် လိုအပ်လှပါကြောင်း။   ။






အခြားဆက်စပ်သတင်းများ