နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စပိန်မြေမှာ နိုင်ပွဲပြန်တွေ့ခဲ့သည့် မန်ချက်စတာယူနိုက်တက်

နိုဝင်ဘာ ၂၄


ချန်ပီယံလိဂ်   အုပ်စုပွဲစဉ်အဖြစ် ယနေ့ နံနက်အစောပိုင်းက ဗီလာရီးရဲလ် အသင်းနှင့် မန်ချက်စတာ ယူနိုက်တက် အသင်းတို့ ကာရာမီကာကွင်း၌ ယှဉ်ပြိုင် ကစားခဲ့ရာ မန်ချက်စတာ ယူနိုက်တက် အသင်းက နှစ်ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိ ပြီး ၁၆ သင်းအဆင့်ကို တက်လှမ်းသွား သည်။


မန်ယူယာယီ  နည်းပြမိုက်ကယ် ကာရစ်က   ကစားသမားအချို့ကို အပြောင်းအလဲပြုလုပ်ပြီး မာရှယ်၊ဘန်ဒီ ဘိခ်နှင့် တဲလက်စ်တို့ကို ထည့်သွင်း ကစားစေခဲ့သည်။


ပထမပိုင်းတွင် နှစ်သင်းစလုံးအပြန် အလှန်တိုက်စစ်ဆင်ကစားကြပြီး ဂိုး သွင်းခွင့်အချို့ ရရှိခဲ့သော်လည်း ဂိုးအဖြစ် မပြောင်းလဲနိုင်သောကြောင့်   ဂိုးမရှိ   သရေရလဒ်ဖြင့်သာ ပြီးဆုံးသွားသည်။


ဒုတိယပိုင်းတွင်      အကြိတ် အနယ်ရှိခဲ့ပြီး    ဗီလာရီးရဲလ်အသင်း ဂိုးသွင်းခွင့်အချို့    ရရှိခဲ့သော်လည်း မန်ယူအသင်းဂိုးသမား     ဒီဂေးယား လက်စွမ်းပြကာကွယ်မှုကြောင့် မန်ယူ အသင်း သက်သာမှုရခဲ့သည်။


မန်ယူအသင်းအတွက် အဖွင့်ဂိုးကို ပွဲချိန် ၇၈ မိနစ်တွင် စီရော်နယ်လ်ဒိုက သွင်းယူပေးခဲ့ပြီး နောက်ထပ်အနိုင်ဂိုး ကို ပွဲချိန် ၉၀ မိနစ်တွင်  ဆန်ချိုက သွင်းယူပေးကာ နိုင်ပွဲပျောက်ဆုံးနေမှု ကို ရပ်တန့်ပေးခဲ့သည်။


အခြား ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲဖြစ် သည့် ဒိုင်နမိုကိဗ်နှင့် ဘိုင်ယန်မြူးနစ် အသင်းတို့၏ ပွဲစဉ်တွင် ဘိုင်ယန်မြူးနစ် အသင်းက ၂ ဂိုး၊ ၁ ဂိုးဖြင့် အနိုင် ရရှိသည်။


ဘိုင်ယန်မြူးနစ်အသင်းအတွက် ဂိုးများကို ပွဲချိန် ၁၄ မိနစ်တွင် တိုက် စစ်မှူး လီဝန်ဒေါစကီးနှင့် ၄၂ မိနစ်တွင် ကိုးမန်းတို့က    သွင်းယူပေးခဲ့ပြီး ဒိုင်နမိုက်ဗ်အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၇၀ မိနစ်တွင် ဟားမက် က သွင်းယူပေးခဲ့သည်။                               (သူရိန်)






အခြားဆက်စပ်သတင်းများ