နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အိမ်ကွင်းမှာ ဂျူဗင်တပ်ကို ဂိုးပြတ်အနိုင်ယူ အုပ်စုပထမနေရာရယူနိုင်ခဲ့သည့် ချယ်လ်ဆီး

နိုဝင်ဘာ ၂၄


ချန်ပီယံလိဂ်  အုပ်စုပွဲစဉ်အဖြစ် ယနေ့ နံနက်အစောပိုင်းက ချယ်လ် ဆီးအသင်းနှင့် ဂျူဗင်တပ် အသင်းတို့ စတန်းဖို့ဘရစ်ချ်ကွင်း၌ ယှဉ်ပြိုင်ကစား ခဲ့ရာ အိမ်ရှင် ချယ်လ်ဆီးအသင်းက လေးဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိပြီး အုပ်စု ပထမနေရာကို ရယူနိုင်ခဲ့ကြောင်း သိရ သည်။


အဆိုပါ ပွဲစဉ်တွင် နှစ်သင်းစလုံး က ကစားသမား အစုံအလင်ဖြင့် ပွဲထွက် လာခဲ့ပြီး ပထမပိုင်းပွဲစကတည်းက အပြန်အလှန် တိုက်စစ်ဆင် ကစားခဲ့ကာ ပွဲက ပြိုင်ဆိုင်မှု ပြင်းထန်ခဲ့သည်။


ချယ်လ်ဆီးအသင်းက   ဂိုးကန် သွင်းခွင့်  ၂၁ ကြိမ်ထိ   ရရှိခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု   ၈  ကြိမ် ပြုလုပ် နိုင်ခဲ့ကာ ဂျူဗင်တပ်အသင်းက ဂိုးကန်သွင်းခွင့် ၈ ကြိမ်သာရရှိခဲ့ပြီး ဂိုးပေါက်ခြိမ်းခြောက်မှု ၂ ကြိမ်သာ ပြုလုပ်နိုင်ခဲ့သည်။


ချယ်လ်ဆီးအသင်းအတွက်အဖွင့် ဂိုးကို ရူဒီဂါ၏ ဖန်တီးပေးမှုက တစ်ဆင့် ပွဲချိန် ၂၅ မိနစ်မှာ ချာလိုဘာက သွင်းယူပေးခဲ့သည်။


ဒုတိယပိုင်းမှာ ချယ်လ်ဆီးအသင်း ကသာ ကစားကွက်အသာ၊ခြေစွမ်း အသာဖြင့်ပွဲကို ထိန်းချုပ် ကစားသွားပြီး ဂျူဗင်တပ်အသင်းက  ကစားကွက် ပျောက်နေခဲ့ကာ ခံစစ်အနေအထားဖြင့် သာ ယှဉ်ပြိုင်ကစားခဲ့ရသည်။


ချယ်လ်ဆီးအသင်း  တိုက်စစ်က ဂျူဗင်တပ်အသင်း ခံစစ်ကို မကြာခဏ ဆိုသလို အလုပ်ရှုပ်စေခဲ့ပြီး နောက်ထပ် အနိုင်ဂိုးများကို ပွဲချိန် ၅၅ မိနစ်မှာ ရီစ်ဂျိမ်း၊ ၅၈ မိနစ်မှာ အိုဒွိုင်းနှင့် ၉၅ မိနစ် မှာ တီမိုဗားနာတို့က အသီးသီးသွင်းယူ ပေးခဲ့ကြောင်း သိရသည်။         (သူရိန်)






အခြားဆက်စပ်သတင်းများ