နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၈၄ ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပြေးဆွဲ

ရန်ကုန်၊ နိုဝင်ဘာ ၂၄ 


ကိုဗစ်-၁၉ ကူးစက်ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း၌ မြန်မာနိုင်ငံသို့  ပြန်လည် ထွက်ခွာ၊ သွားရောက်ရန်စောင့်ဆိုင်းနေ ကြသည့် မြန်မာနိုင်ငံသားများ နှင့် နိုင်ငံခြားသားများအတွက် မြန်မာသံရုံး၊ ဆိုးလ်မြို့မှတစ်ပတ် လျှင်တစ်ကြိမ် ကယ်ဆယ်ရေး လေယာဉ် ပျံသန်းပြေးဆွဲနိုင်ရေး စီစဉ်ပေးလျက်ရှိရာ   နိုဝင်ဘာ ၂၃ ရက်တွင်    မြန်မာအပြည် ပြည်ဆိုင်ရာ လေကြောင်းလိုင်း (MAI) ဖြင့်  ၈၄  ကြိမ်မြောက် ကယ်ဆယ်ရေးလေယာဉ် ပျံသန်း ပြေးဆွဲရန် စီစဉ်ပေးခဲ့သည်။ 


အဆိုပါ    လေယာဉ်သည် အင်ချွန်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှ   ရန်ကုန်အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ (၁၆:၄၅) နာရီတွင်   ထွက်ခွာခဲ့ပြီး၊ ကမ္ဘော ဒီးယားမှ  တစ်ဦး၊   ကနေဒါမှ တစ်ဦး၊    ဖိလစ်ပိုင်မှ   ရှစ်ဦး၊ အမေရိကန်ပြည်ထောင်စုမှ  ၁၇  ဦး၊   ကိုရီးယားသမ္မတနိုင်ငံမှ မြန်မာနိုင်ငံသား    ၄၈  ဦး၊ စုစုပေါင်း ၇၅ ဦးတို့  စီးနင်း လိုက်ပါလာကြသည်။ 


အဆိုပါ     ခရီးသည်များ လေဆိပ်၌   အခက်အခဲတစ်စုံ တစ်ရာမရှိစေရေးအတွက် ဆိုးလ် မြို့မှ မြန်မာသံရုံးဝန်ထမ်းများက လေဆိပ်တွင်  လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြသည်။           


                                   (WP)






အခြားဆက်စပ်သတင်းများ