နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လှိုင်သာယာစက်မှုဇုန်တွင် CMP စနစ်ဖြင့် စတင်လုပ်ကိုင်သည့် စက်ရုံများ တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ကြည့်ရှုအားပေး

ရန်ကုန်၊ နိုဝင်ဘာ ၂၄ 


ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့၊  စီးပွားရေးရာဝန်ကြီး ဌာနဝန်ကြီး၊ ရန်ကုန်တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ               ကြီးကြပ်ရေးအဖွဲ့    ဥက္ကဋ္ဌ ဦးအောင်သန်းဦးသည် တာဝန် ရှိသူများနှင့်အတူ  နိုဝင်ဘာ၂၄ ရက် နံနက်က   လှိုင်သာယာ စက်မှုဇုန်ရှိ  လက်ခစားCMP စနစ်ဖြင့် လုပ်ငန်းစတင်ဆောင် ရွက်မည့် Si Yuan (Myanmar) Co.Ltd အဝတ် အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း၊ Aqua  Shoes Co.Ltd  ဖိနပ်အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်းနှင့် ရွှေပြည်သာစက်မှုဇုန်ရှိ Nay Shwe  Lin   Co.Ltd  အဝတ်အထည် ချုပ်လုပ်ခြင်းလုပ်ငန်းများသို့  သွားရောက်ကြည့်ရှု  အားပေး သည်။


ထိုသို့တွေ့ဆုံစဉ် တိုင်းဒေသ ကြီး ဝန်ကြီးက မြန်မာနိုင်ငံ တွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ      လာရောက်လုပ်ကိုင်ခြင်းကို များစွာကျေးဇူးတင်ရှိကြောင်း၊ သတ်မှတ်စည်းကမ်းချက်များ ကိုလည်း         လုပ်ငန်းရှင်များက  လိုက်နာဆောင်ရွက်စေလိုကြောင်း အလုပ် သမားများ၏ အခက်အခဲများကို ဖြေရှင်းပေးနိုင်ရန် အခြေခံအလုပ်သမားအဖွဲ့အစည်းများဖွဲ့စည်းရန်   လိုအပ်ကြောင်း လုပ်သားများအားလုံး ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားရန်  လိုအပ်ကြောင်း စက်မှုဇုန်များအဆင့်မြှင့်တင်ရန် တရားမဝင်ဆောက် လုပ်ထားသည့် ကျူးကျော်တဲအိမ်များကိုလည်း  ရှင်းလင်းဆောင် ရွက်လျက်ရှိကြောင်း၊ အလုပ်ရှင် နှင့် အလုပ်သမားများ  နှစ်ဦးနှစ်ဖက်    ဆက်ဆံရေး ကောင်းမွန်စွာဖြင့် ကြိုးပမ်းဆောင်ရွက်ကြရန်     လိုအပ် ကြောင်း ပြောကြားကာ စက်မှုဇုန်များ သန့်ရှင်းသာယာလှပရေး အတွက်   တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။


CMP စနစ်ဖြင့်  လုပ်ငန်းစတင်လည်ပတ်မည့် စက်ရုံများ၏ ထုတ်ကုန်များကို အမေရိကန်၊ ဂျာမနီ၊ တရုတ်၊ ထိုင်း၊ စင်ကာပူနှင့် ဥရောပနိုင်ငံများသို့ တင်ပို့ လျက်ရှိကြောင်း သိရသည်။      နန္ဒာဆွေ






အခြားဆက်စပ်သတင်းများ