နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရန်ကုန်မြို့တော်ဝန်နှင့် စီးပွားရေးရာဝန်ကြီး လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် စုပေါင်းရုံးနှင့်ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးစီမံကိန်း ကြည့်ရှုစစ်ဆေး

ရန်ကုန် နိုဝင်ဘာ ၂၄


ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးဝန်ကြီး၊ ရန်ကုန်မြို့တော်ဝန် ဦးဗိုလ်ဌေးနှင့် ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးအောင်သန်းဦးတို့သည် ဒုတိယ မြို့တော်ဝန်၊ အတွင်းရေးမှူး၊ ကော်မတီဝင်များ၊ ဌာနမှူးများနှင့် သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါလျက် ယနေ့နံနက်ပိုင်းက လှိုင်သာယာ(အနောက်ပိုင်း) မြို့နယ် ရန်ကုန်-ပုသိမ် ကားလမ်းမဘေး မြို့နယ်စုပေါင်းရုံးနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်ရေးစီမံကိန်းလုပ်ငန်းခွင်ကို ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဖြည့်ဆည်း ဆောင်ရွက်ပေးသည်။


ရှေးဦးစွာ မြို့တော်ဝန် စီးပွားရေးရာ ဝန်ကြီးနှင့်အဖွဲ့ သည် နံနက် ၇ နာရီခွဲတွင် လှိုင်သာယာ (အနောက်ပိုင်း)မြို့နယ် ရန်ကုန်-ပုသိမ် ကား လမ်းမဘေး ရန်ကုန်အနောက် ပိုင်း နည်းပညာတက္ကသိုလ် အဝင်လမ်းမြို့နယ် စုပေါင်းရုံး နှင့် ဝန်ထမ်းအိမ်ရာ တည် ဆောက်ရေး စီမံကိန်းဝင်း အတွင်း အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု)မှ ဆောင် ရွက်နေသော အလျား ၄၀ ပေ၊ အနံ ၄၀ ပေ၊ အနက် ၁၀ ပေ ရေဂါလန် တစ်သိန်းဆံ့ ရေစုကန်နှင့် ရေတွန်းစက်ရုံ တည်ဆောက်နေမှုကို ကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။ 


အဆိုပါ ရေစုကန် တည် ဆောက်ခြင်း လုပ်ငန်းသည် ၂၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ပြီး ၂၀၂၂ ခုနှစ် ဇန်နဝါရီ ဒုတိယပတ်တွင် အပြီး ဆောင်ရွက်သွားမည်ဟု သိရသည်။ 


ဆက်လက်၍ မြို့တော်ဝန် နှင့် အဖွဲ့သည် အင်ဂျင်နီယာဌာန (အဆောက်အအုံ)၏ ကြီးကြပ်မှု ဖြင့် ဧရာနဂါးကုမ္ပဏီနှင့် မောင်နှစ်မသုံးဖော်ကုမ္ပဏီ တို့က စုပေါင်းရုံးနှင့် ဝန်ထမ်း အိမ်ရာ အဆောက်အဦများ တည်ဆောက်နေမှုကို လိုက်လံ ကြည့်ရှုစစ်ဆေးပြီးစီမံကိန်း ရှင်းလင်းဆောင်၌တာဝန်ရှိ သူများ၏ ရှင်းလင်း တင်ပြမှုများ နှင့်ပတ်သက်၍မြို့တော်ဝန်နှင့် တိုင်းဒေသကြီးဝန်ကြီးတို့က သက်ဆိုင်ရာ ဌာနများနှင့်ပေါင်း စပ် ညှိနှိုင်းဆောင်ရွက်ပေးသည်။ 


အဆိုပါ စီမံကိန်းကိုအကောင် အထည်ဖော်ရာတွင် မြေအသုံးချ မှု အနေဖြင့်အကျယ် ၁၀၀ ပေ x ၅၀ ပေ စုပေါင်းရုံး မြေကွက်များ ၁ ဒသမ ၄၃၄ ဧက (၁၁ ဒသမ ၆ ရာခိုင်နှုန်း)၊ ဝန်ထမ်း အိမ်ရာမြေနေရာ ၃ ဒသမ ၇၂၅ ဧက (၃၀ ဒသမ ၄ ရာခိုင်နှုန်း)၊ စိမ်းလန်းမြေဧရိယာ ၁ ဒသမ ၃၅ ဧက (၉ ရာခိုင် နှုန်း)၊ ပေ ၄၀ လမ်းဧရိယာ ၅ ဒသမ ၅၁ ဧက (၄၅ ရာခိုင်နှုန်း)၊ ခန်းမမြေဧရိယာ ၀ ဒသမ ၄၈ ဧက (၄ ရာခိုင်နှုန်း) အသုံးပြု တည်ဆောက်ထားကြောင်းနှင့် ယနေ့အထိ ရုံးအမှတ် (၁) ၃၅ ရာခိုင်နှုန်း၊ ရုံးအမှတ် (၂) ၃၅ ရာခိုင်နှုန်း၊ ရုံးအမှတ် (၃) ၃၅ ရာခိုင်နှုန်း၊ ရုံးအမှတ် (၄) ၃၅ ရာခိုင်နှုန်း၊ ရုံးအမှတ် (၅) ၂၀ ရာခိုင်နှုန်း၊ ရုံးအမှတ် (၆) ၂၀ ရာခိုင်နှုန်း၊ ရုံးအမှတ် (၇) ၃၀ ရာခိုင်နှုန်း၊ ရုံးအမှတ် (၈) ၃၀ ရာခိုင်နှုန်း၊ ရုံးအမှတ် (၉) ၃၀ ရာခိုင်နှုန်း၊ ရုံးအမှတ် (၁၀) ၃၀ ရာခိုင်နှုန်း၊ ရုံးအမှတ် (၁၁) ၃၀ ရာခိုင်နှုန်း၊ ရုံးအမှတ် (၁၂) ၃၀ ရာခိုင် နှုန်း၊ SSB Clinic ဆေးခန်း ၂၀ ရာခိုင်နှုန်း၊ Convenient Store ၂၀ ရာခိုင် နှုန်း၊ Multi Purpose Hall ၂၀ ရာခိုင်နှုန်း၊ အများသုံး သန့်စင်ခန်း ၃၀ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကြောင်း သိရသည်။


ထို့နောက် မြို့တော်ဝန် သည် ကော်မတီဝင်များ၊ဌာနမှူး များနှင့်အတူ နံနက် ၈ နာရီခွဲတွင် လှိုင်မြို့နယ်ဘုရင့် နောင်လမ်းမကြီးရှိ သီရိမင်္ဂလာ ဈေးသို့ သွားရောက်၍ ဈေး ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချ နေမှုကို ကြည့်ရှုစစ်ဆေးကာ  ဈေးရောင်း/ဈေးဝယ်သူများကို ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်ရေး လမ်းညွှန်ချက် နှင့်အညီ ရောင်း/ဝယ်မှုများ ပြုလုပ်စေရေး အသိပေးနှိုး ဆော်ခြင်း၊ နှာခေါင်းစည်း Mask များ ပေးဝေခြင်းများ ဆောင်ရွက်ကာ ဈေးသန့်ရှင်း သာယာ သပ်ရပ်ရေးနှင့်လမ်း များ ကောင်းမွန်ရေးပြုပြင်ရန်နှင့် ယာဉ်ဝင်/ထွက်မှုများစနစ်တကျ ရှိစေရေး ကြပ်မတ်ဆောင်ရွက် ရန် မှာကြားပြီး လိုအပ်သည်များ ဖြည့်ဆည်း ဆောင်ရွက်ပေးသည်။ 


 သီရိမင်္ဂလာဈေးကြီးသို့ မြန်မာနိုင်ငံဒေသအနှံ့မှ ကုန်စိမ်း နှင့် ခြံထွက်သီးနှံများ ဝင်ရောက် ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ ဆက်လက် တင်ပို့လျက်ရှိသဖြင့် မြန်မာ နိုင်ငံ၏ ကုန်စိမ်းနှင့် ခြံထွက် သီးနှံများ ဖြန့်ဖြူးရာတွင် အဓိကကျသောဈေးကြီးဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါကြောင့်ကုန် စည်ဝင်ရောက်မှုနှင့် ဈေးဆိုင် ခန်းများဖွင့်လှစ်မှု နည်းပါးခဲ့ရာ မှ ယခုအခါ ဈေးဆိုင်ခန်းများ ရာနူန်းပြည့် ပြန်လည်ဖွင့်လှစ် ရောင်းချနေပြီဖြစ်ကြောင်း သိရ သည်။    

သတင်း - သွင်မောင်မောင် 

ဓာတ်ပုံ - ကျော်သူထက်






အခြားဆက်စပ်သတင်းများ