နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
၁၀၁ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ်စာစီစာကုံးပြိုင်ပွဲကျင်းပ

မက်မန်း နိုဝင်ဘာ ၂၄


ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊  “ဝ”  ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်း ခရိုင်၊ မက်မန်းမြို့နယ်၌ ၁၀၁ နှစ် မြောက်“ အမျိုးသားအောင်ပွဲနေ့” အထိမ်းအမှတ် စာစီစာကုံး ပြိုင်ပွဲ ကိုနိုဝင်ဘာလ ၂၃ ရက်က မက်မန်းမြို့ အ.ထ.က ကျောင်းတွင် ကျင်းပသည်။ 


စာစီစာကုံးပြိုင်ပွဲကို မက်မန်းမြို့ အ.ထ.ကကျောင်းတွင် ပညာသင်ကြား နေသော အလယ်တန်း၊ အထက်တန်း အဆင့် ကျောင်းသား၊ကျောင်းသူ ၂၀ ဦးတို့က “အမျိုးသားနေ့တို့မမေ့” ခေါင်းစဉ်ဖြင့် ဝင်ရောက် ယှဉ်ပြိုင်သည်။


 အဆိုပါ စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသူများကို တန်ဆောင်မုန်းလပြည့် ကျော် ၁၀ ရက်  ၁၀၁ နှစ်မြောက် “အမျိုးသားအောင်ပွဲနေ့” အခမ်းအနား တွင် ဆုရရှိသူ ကျောင်းသား၊ ကျောင်းသူ များကို ဆုများ ချီးမြှင့် ပေးသွားမည် ဖြစ်သည်။                                 အိဇင်






အခြားဆက်စပ်သတင်းများ