နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ငွေကျပ်သိန်း ၇၇၀၀ ကျော်တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၄


မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် မွန်းလွဲ ၁ နာရီတွင် တာချီလိတ် မြို့နယ် ဝမ်ကျောက်လုံ ကျေးရွာအနီး၌ စိုင်းဆိုင်လောင် မောင်းနှင်ပြီးစိုင်းညီညီ လင်း (ခ) စိုင်းဉာဏ်လင်းနှင့် မနန်းယွန်း သီရိအောင်(ခ)ယွန်းယွန်းတို့ လိုက်ပါ လာသည့်ယာဉ်ကို သတင်းအရရှာဖွေ ရာ အိုက်စ် (မက်သ်အဖက် တမင်း) ကီလို ၅၀ သိမ်းဆည်းရမိပြီး စစ်ဆေး ဖော်ထုတ်ချက်အရ မွန်းလွဲ ၁ နာရီခွဲ တွင် တာချီလိတ်မြို့နယ်မယ်ယန်း ကျေးရွာ အိမ်အမှတ်(၂၂၆)ရှိ စိုင်းဆိုင် လောင် ငှားရမ်းနေထိုင်သော နေအိမ်အိပ်ခန်းအတွင်းမှ အိုက်စ် (မက်သ်အဖက်တမင်း) ၉ ဒသမ ၉၅ ကီလို ထပ်မံသိမ်းဆည်းရပါသည်။


စုစုပေါင်းအိုက်စ် (မက်သ်အဖက် တမင်း) ၅၉ ဒသမ ၉၅ ကီလို စုစုပေါင်း တန်ဖိုးငွေ ၄၇၉၆ သိန်းဖိုးသိမ်းဆည်း ရမိသည်။


အလားတူ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင် များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီခွဲတွင် ရှမ်းပြည်နယ်(တောင်ပိုင်း) ရွာငံမြို့နယ် ရွာငံ-ဟံမြင့်မိုရ်သွားကားလမ်းယုန် တောင်ကျေးရွာအနီးတွင် ရွာငံမှ ဟံမြင့် မိုရ်ဘက်သို့ ဇော်မင်းဦး(ခ) တာတေကြီး မောင်းနှင်လာသည့် ယာဉ်ကိုရှာဖွေ ရာဒေသကာလတန်ဖိုး ငွေကျပ်သိန်း ၃၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ခြောက်သိန်း သိမ်းဆည်းရမိခဲ့သဖြင့် ၎င်းတို့အား ဥပဒေအရ အရေးယူထား ရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူ များအား ဆက်လက်စစ်ဆေး ဖော်ထုတ် လျက်ရှိကြောင်း သိရသည်။      ဆွေဦး






အခြားဆက်စပ်သတင်းများ