နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
နေအိမ်အတွင်း သေနတ် ၅၀ လက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

ရန်ကုန်၊ နိုဝင်ဘာ ၂၄


တပ်မတော်အနေဖြင့် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးနှင့် အကြမ်းဖက်တိုက်ခိုက် သတ်ဖြတ်မှုများ မရှိစေရေးအတွက်ဆောင်ရွက်လျက်ရှိရာ  ရှမ်းပြည်နယ် (မြောက်ပိုင်း)၊နမ့်ဆန်မြို့နယ်၊ မန်မိုင် မုန်းကွမ်းကျေးရွာအတွင်း မန္တလေး၊ မကွေးနှင့် စစ်ကိုင်းတိုင်းဒေသကြီး များရှိ အကြမ်းဖက်အုပ်စုများသို့ ရောင်းချရန် လက်နက်/ခဲယမ်းများ စုဆောင်းထားကြောင်း တာဝန်သိ ပြည်သူအချို့၏ သတင်းပေးချက်အရ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဖော်ထုတ် ရှင်းလင်းခြင်းအား နိုဝင်ဘာ ၁၀ ရက်မှ ၁၄ ရက်အထိ ဆောင်ရွက်ခဲ့ရာ နိုဝင်ဘာ ၁၃ ရက် ည ၉ နာရီ ၅၀ မိနစ်ခန့်တွင် ကျေးရွာအတွင်းရှိ ဦးစိုးလွင်(ဘ)ဦးစုန်ရွှင်ရွှင်း၏ နေအိမ်အတွင်းမြေ အောက်ခန်းမှ Type-56 သေနတ် ၁ လက်၊ ကေ ၁၂ သေနတ် ၁ လက်၊ Type-81 သေနတ် ၃ လက်၊ ဘီအေ ၆၃ သေနတ် ၇ လက်၊ ဘီအေ ၉၄ သေနတ် ၄ လက်၊ အမ် ၂၂ ကျည်အိမ် ၂၀ ခု၊ ကျည်အိမ်အဝိုင်း ၁ ခု၊ ကျည်မျိုးစုံ ၁၉၄၅ တောင့်၊ ဒီတိုနေတာ ၁၃ ခုနှင့် ယမ်းကြိုးခွေ ၄ ခွေ ကိုလည်းကောင်း၊ ည ၁၁ နာရီခန့်တွင် ၎င်းနေအိမ်၏ မြင်းတင်းကုပ်အတွင်းမှ Type-56 သေနတ် ၃၄ လက်နှင့် အမ် ၂၂ ကျည်အိမ် ၁၀၅ ခုကိုလည်းကောင်း စုစုပေါင်း လက်နက်မျိုးစုံ ၅၀ လက်၊ ခဲယမ်းနှင့်ဆက်စပ်ပစ္စည်းများအား သိမ်းဆည်းရမိခဲ့သည်။


အလားတူပင် မန်မိုင်မုန်းကွမ်း ကျေးရွာ၏ မြောက်ဘက် ခုနစ်ကီလို မီတာအကွာရှိ ဟိုမိန်းကျေးရွာအတွင်းမှ လည်း ၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၂ ရက် တွင် လေယာဉ်ပစ် ပခုံးထမ်းဒုံး (FN-6) တစ်လက်အပါအဝင် လက်နက်ကြီး နှင့်လက်နက်ငယ်မျိုးစုံ ၁၇၀ လက်နှင့် ခဲယမ်း၊ ဆက်စပ်ပစ္စည်းများကို တိုင်းရင်း သားပြည်သူများ၏ သတင်းပေးမှု ကြောင့် ဖော်ထုတ်နိုင်ခဲ့သည်။

ဆွေဦး






အခြားဆက်စပ်သတင်းများ