နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်ကို လက်ပစ်ဗုံး၊ လက်လုပ်ဗုံးနှင့် လက်လုပ်မိုင်းများဖြင့် အကြမ်းဖက်

ရန်ကုန်၊ နိုဝင်ဘာ ၂၃


နိုဝင်ဘာ ၂၁ ရက် နံနက် ၉ နာရီ ခွဲခန့်တွင် မကွေးတိုင်းဒေသကြီး မြိုင်မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြိုင်-မန္တလေး ကားလမ်းမပေါ်ရှိ ကိုဗစ်-၁၉ စစ်ဆေးရေးဂိတ်၌ကျန်းမာ ရေးဝန်ထမ်းများပါဝင်သော ပူးပေါင်း အဖွဲ့သည် စစ်ဆေးခြင်းများ ဆောင်ရွက် ရန်အတွက် အဆိုပါဂိတ်အနီးပတ်ဝန်း ကျင်ကို ရှင်းလင်းစစ်ဆေးနေစဉ် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် စစ်ဆေးရေး ဂိတ်၏ အရှေ့ဘက် ၁၅ ပေခန့် အကွာရှိ သဲပုံအတွင်းမှ ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီး ပေါက်ကွဲမှုကြောင့် အဆိုပါနေရာအနီးမှ ဆိုင်ကယ် မောင်းနှင်လာသည့် အမှတ်  (၁)ရပ်ကွက်နေ ဦးဇော်ဇော်အောင်(ခ) ဝင်းဇော်အောင်(၃၅)နှစ် (ဘ)ဦးစိန်လှ ၏ နဖူးနှင့် အောက်နှုတ်ခမ်းတို့တွင် ပေါက်ပြဲဒဏ်ရာများ ရရှိခဲ့သဖြင့် မြိုင်မြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေး ခဲ့ပြီးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်သဲပုံ အတွင်း စစ်ဆေးရန် ပြုလုပ်စဉ် နံနက် ၁၀ နာရီခန့်တွင် ထပ်မံပေါက်ကွဲမှုဖြစ် ပွားခဲ့သဖြင့် ရှင်းလင်းစစ်ဆေးခဲ့ရာ အဆိုပါသဲပုံအတွင်း မြှုပ်နှံထားသည့် သံပိုက်ဖြင့် ပြုလုပ်ထားပြီး ဆိုင်ကယ် ဘက်ထရီအိုးဖြင့် ချိတ်ဆက်ထားသည့် လက်လုပ်မိုင်းနှစ်လုံး ပေါက်ကွဲထား သည်ကို တွေ့ရှိရကြောင်း သိရသည်။

အထက်ပါ ဖြစ်စဉ်များမှ အကြမ်း ဖက်မှုလုပ်ရပ် ကျူးလွန်သူများကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူ နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင် များက စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရ သည်။ ဆွေဦး






အခြားဆက်စပ်သတင်းများ