နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Pfizer ထုတ် သောက်ဆေးပြား ၁၀ သန်းကို အမေရိကန် အစိုးရဝယ်ယူမည်

ဝါရှင်တန်၊ နိုဝင်ဘာ ၂၀


Pfizer ကုမ္ပဏီထုတ် အတည်မ ပြုရသေးသည့် ကိုဗစ်-၁၉ သောက် ဆေးသစ်   ၁၀ သန်းကို လာမည့်နှစ်အစော ပိုင်းတွင် ဝယ်ယူရန်သဘောတူလိုက်ပြီ ဖြစ်ကြောင်း အမေရိကန်သမ္မတ ဂျိုး ဘိုင်ဒင်က  ကြေညာလိုက်သည်။ 


အမေရိကန် FDA နှင့် ကူးစက် ရောဂါထိန်းချုပ်ရေးနှင့် ကာကွယ်ရေး CDC တို့ထံမှ ခွင့်ပြုချက်ရသည်နှင့်ဆေး လုံးများကို အခမဲ့ လွယ်လွယ်ကူကူရစေ ရန် လိုအပ်သည်များကို အစိုးရအဖွဲ့က လုပ်ဆောင်နေပြီဖြစ်ကြောင်း သမ္မတ အိမ်ဖြူတော်က ကြေညာချက်ထုတ်ပြန် ထားသည်။ 


ယခုလအစောပိုင်းတွင် Pfizer အနေဖြင့် ကိုဗစ်သောက်ဆေးကို ထုတ် နိုင်ပြီဖြစ်ကြောင်း ကြေညာခဲ့ခြင်း ဖြစ် ပြီး အဆိုပါဆေးကို လူများနှင့် စမ်းသပ် ကြည့်ရာ ကိုဗစ်ရောဂါနှင့်ဆက်နွယ်ပြီး ဆေးရုံတက်ရခြင်း၊ သေဆုံးရခြင်းကို ၈၉ ရာခိုင်နှုန်း အထိလျှော့ချနိုင်သည်ကို တွေ့ရကြောင်း ဖော်ပြထားသည်။ 


Pfizer ကုမ္ပဏီသည် ကိုဗစ်သောက်ဆေးကို ဒုတိယမြောက် ထုတ်လုပ်နိုင်သည့် ကုမ္ပဏီဖြစ်ပြီး အဆိုပါရောဂါ ကုသရန် ပထမဆုံး သောက်ဆေးကိုမူ Merck ကုမ္ပဏီက စတင်ထုတ်နိုင်ခဲ့ကြောင်း သိရသည်။

မျိုးဝင်း (Ref:BBC)






အခြားဆက်စပ်သတင်းများ